www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကြက်သွန်ဖြူဖြင့် ကုသပျောက်ကင်း သော ရောဂါများ


အရှေ့ တိုင်းသား များနှင့် မြေထဲ ပင်လယ်ဒေသသို့ လူသား တို့သည် ကြက်သွန်ဖြူကို
အစွမ်းထက်သော ဆေးအဖြစ် အသုံးပြုနေကြ သည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။
သို့သော် သိပ္ပံပညာရှင်များက ကြက်သွန်ဖြူသည် အစွမ်းထက်သောဆေးဟု မထင်ခဲ့ကြ။ သို့သော် ထိုအနံ့ပြင်းသော ကြက်သွန်ဖြူကို ဆေးလောကမှ ပုဂ္ဂိုလ်များက သုတေသနပြုခဲ့ကြရာ အံ့ဖွယ်ကောင်းလောက်အောင် ရောဂါပြဿနာများစွာကို အဖြေရှာပေးလေသည်။ အိန္ဒိယသုတေသီများက ကြက်သွန်ဖြူသည် ကိုယ်လက်စထရောခေါ် သွေးတွင်းအဆီကို ပယ်နိုင်ကြောင်း တွေ့ရှိကြသည်။ ထို့ပြင်နှလုံးကို ဖျက်ဆီးတတ်သော သွေးဆီထရိုင်ဂလိုင်ဆရိုက် (Tri-glycerides) ကိုလည်း ကြက်သွန်ဖြူက ခန္ဓာတွင်း လျော့နည်းစေသည်။
ကြက်သွန်ဖြူသည် ဤနည်းဖြင့် နှလုံးရောဂါကို အကျိုးပြုသည်။ ကြက်သွန်ဖြူသည် သွေးတွင်း သကြားဓာတ်ကိုလည်း လျှော့ကျစေသည်။ ထို့ကြောင့် ဆီးချိုရောဂါကိုလည်း အကျိုးပြုသည်။ ယခုအခါ သိပ္ပံပညာရှင်များသည် ကြက်သွန်ဖြူမှာ ပါရှိသော အာလင်း (Allin) ဓာတ်သည် ဆေးဖြစ်ကြောင်း သတိပြုမိလာကြလေပြီ။ အာလင်းမှာ အနံ့မရှိ၊ သို့သော် ကြက်သွန်ဖြူကို လှီးလိုက်သောအခါ ထွက်လာသော အာလင်းဓာတ်သည် အခြားအင်ဇိုင်းဓာတ်နှင့်ရောပြီး အာလင်းစင် (Allicin) ဓာတ် ဖြစ်သွားသည်။ ထိုအာလင်းစင်ဓာတ်က ကြက်သွန်ဖြူ၏ အနံ့ကို ပြင်းစေသည်။

By SHADE Journal

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်