တခါက ပေါ့ကွယ်
…မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …
သူတို့ဟာ
တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါ
သတဲ့ …
တစ်နေ့တော့
..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့
ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ …
လေသန်သန်နဲ့
..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး
ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး ..
တစ်နေ့တော့
..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော်
ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ … ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း
ပြောပြတော့ ..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …
" အမယ်
တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "
ဆိုပြီး
..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …
ပြီးတော့
..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့
သူဖတ်ဖူးတဲ့
ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး ကွန်ပျူတာကို ဘယ်လို
ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့
ဒီလိုနဲ့ဘဲ
ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့
ခဏနေတော့
..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..
" ကိုကြီးရာ
..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက
ချောမွေ့ နေတာကိုး " တဲ့
ကိုကြီးကျော်
သဘောကျ သွားသပေါ့ …
ဥပမာ ကလေးက
ကောင်းတော့ သဘောတွေ ကျသပေါ့
" အင်း
…ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "
နောက်တစ်ယောက်
ဝင်သွားပါသတဲ့ …
သူလဲ ..ပြန်ထွက်လာပြီး
…
" အော်
ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့
" အမ်
…မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့
" ကျနော်
ထိုင်ပြီး စမ်းတာပါ" …တဲ့ "
" အော်…ဒီကောင်
…ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား ….ဟားဟား …"
နောက်ထပ်
တစ်ယောက် ၀င်ပါသတဲ့ကွယ် ..
သူလဲ ပြန်ထွက်လာတော့
ပြုံးစေ့စေ့နဲ့ ..
" ကွန်ပျူတာဆိုတာ
..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင် ခွက်ဝင်သွားတယ်နော် …" တဲ့
" အော်
ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "
ကိုကြီးကျော်
လန့်တောင်နေပါတယ်တဲ့ ..
ဒီကောင်တွေရဲ့
ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ
နောက်တစ်ယောက်လဲ
ထွက်လာပြီး ..
" အပျိုမကလေးရဲ့
ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "
" အော်
ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "
နောက်ဆုံးတစ်ယောက်
အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …
သူတို့ ဥပမာပေးတွေက
ကောင်းလွန်းနေတာကိုး ကွယ်
နောက်ဆုံးဝင်သွားတဲ့
တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး ပြေးထွက်ရင်း ပြောသတဲ့
" ဟာ
….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ ပါးကို လက်နဲ့
ပွတ်ရင်း ပြောသတဲ့ ..
ကိုကြီးကျော်
ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက …မိန်းကလေးတစ်ဦးထွက်လာပြီး
" ဒီမယ်
ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ ..ဒီနေ့ ဘာအချိုး ချိုးတာလဲ
ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့် အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့
..သည်တော့မှ ကိုကြီးကျော်လဲ..
" ဟိုက်
…ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား …တောက် ..ဟိုကောင်တွေ
ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …" တဲ့လေ။










0 comments:
Post a Comment