www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဗီးနပ်စ်ပေးခဲ့တဲ့ချစ်ခြင်း...ဆိုတာ


***ဖြည်းဖြည်းညင်သာ ဖြတ်လျှောက်သွါးတဲ့ လေညှင်း
     ချိုမြကြည်သာတဲ့ မျက်ဝန်းတွေ
     မိန်းမူးစေတတ်တဲ့ ၀ိုင်တခွက်လို
     ပြင်းရှရှ အထိအတွေ့ တွေနဲ့ 
     ငါ့…ညတွေကို ခိုးယူသွါးတဲ့ ဗီးနပ်စ် ရေ…
***သူလိုလိုကိုယ်လိုလို မျှော်လင့်ချက်တွေနဲ့ 
     ကိုယ့်ကိုကိုယ် မီးမြှိုက်နေရတာ
     ကျွမ်းလောင်ခြင်းမဲ့ နှလုံးသား တစ်စုံအတွက်တော့
     မင်း….ကိုယ်ထင်ပြပါလား…
     ဗီးနပ်စ်…ရယ်
***ဘာကိုတိုင်တယ်ရမလဲ ကွယ်..
     ချစ်တက်တာ တစ်ခုကလွဲလို့ 
     ဘာမှမပိုင်တဲ့ ဘ၀မှာ စွဲကိုင်ထားတဲ့ ကဗျာတွေက
     အမေ့လျှော့ခံမြို့ ရိုးမှာ
     အစာငတ်…ရေငတ်နဲ့ ဖြိုးဖြိုးဖြစ်ဖြစ်ရှိနေလေရဲ့ …

***ဒီနွေ အပူတွေ မြန်မြန်ကြွေပါစေကွယ်…
     သည်လူရဲ့ အပဲ့ ကြွေခံ နှလုံးသားလည်း
     မျှော်လင့်ခြင်း ဆောင်းလေညှင်းနဲ့ အတူ
    ငြိမ်းချမ်းအေးမြပါရစေ..ကွယ်…
     ဒီဘ၀တော့…ဒီအမျှနဲ့ ပဲ…
     ငါ…လွမ်းပါရစေ….ဗီးနပ်စ်…ရယ်
     ပျော်ရွှင်နိုင်ပါစေ…
     မေ့လျှော့ နိုင်ပါစေ…
     ချမ်းမြနိုင်ပါစေ….

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်