www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

မှတ်ပလား….. မိတ်အင်ဂျပန်.............

အမေရိကန် သို့ခပ်ကြွှားကြွား ဂျပန်တစ်ယောက်အလည်ရောက်နေ၏ ။ပြန်မည့်နေ့မှာလေဆိပ်သို့
သွားရန်အတွက် တက်စီ တစ်စီးငှားလေသည်။ တက်စီဖြင့်လေဆိပ်သို့လာစဉ် လမ်းတွင်အရှိန်ပြင်း
စွာ မောင်းနှင်လာသောကားတစ်စီးက ၄င်းတို့ကားကို ကျော်တက်သွားရာဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။
“ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ”
တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း
“တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။
မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း
“မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား အမေရိကန် သူ့ကို အတော်လေး ပေါက်နေပြီ ဖြစ်သည်။ သို့သော် စိတ်ကို ထိန်း၍ ဘာမှတော့ မပြော။
လေဆိပ်သို့ ရောက်သော အခါ ကားခ အမေရိကန်ဒေါ်လာ ၃၀၀ ကျသင့်ကြောင်း ဒရိုင်ဘာက တောင်းလေရာ ဂျပန် မျက်လုံး ပြူးသွား၏။ “၀ါး…. ဈေးကြီးလှချည်လား”
” မီတာဗျ အရမ်းမြန်တယ်။ Made in Japan လေ ”

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်