www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ချစ်သူတို့အတူဖတ်ဖို့ဟာသများ...............း)

ဟာသတစ်ခုကို ရင်တွင်းကနေ လှိုက်လှိုက်လှဲလှဲ ရယ်မောခြင်းဟာ အသက်၇
နှစ်မိနစ် ပိုရှည်စေတယ်လို့ ဆေးပညာရှင် အချို့ကပြောတာကို
မှတ်သားဖူးပါတယ်။ ထို့အပြင် "ပြေပြေလည်လည်" ဆိုသော ဗွီဒီယိုဇာတ်ကားထဲမှ
မင်းသားကြီး အောင်လွင်ပြောသော စကားလေးကိုလည်း အထူးသဘောကျမိပါတယ်။ သူက
"ကျန်းမာပြီး အသက်ရှည်မှ အကြာကြီး ချစ်လို့ရမှာ" ဟု ပြောပါသည်။
ထို့ကြောင့်မိုင်လိုလေးရဲ့ ချစ်သူခင်သူများကိုလည်း အသက်ရှည်စေလိုပါသည်။
တနည်းဆိုရသော် အကြာကြီးချစ်စေလိုပါသည်။ ဟာသတစ်ခုကို ရယ်မော၍ အသက် ၇
မိနှစ် ပိုရှည်စေသည်ဆိုလျှင် ဟာသ ၁၀ခု ဆိုလျှင် မိနစ် ၇၀တောင် ပို၍
အသက်ရှည်လာနိုင်ပါသည်။ ချစ်သူခင်သူများကို ရယ်မောစေလိုပါသည်။
အမောအပန်းများ ပြေပျောက်စေလိုပါသည်။.....။
ထို့ကြောင့် မိုင်လိုလေးဖတ်ရသော မြန်မာသွေးအဖွဲ့မှ ဟာသများအား
သူငယ်ချင်းများသို့ အသက်ရှည်စေရန်၊ အမောအပန်းပြေစေရန် ရယ်မောစေရန်
ပြန်လည်မျှဝေပေးလိုက်ပါတယ်...။...။


%% တုံးလို့ကြိုက် %%

ဧဒင်ဥယျာဉ်တွင်ဖြစ်သည်။
အာဒံက ဘုရားသခင်ကိုမေး၏ ။
" ဘာကြောင့်များ ဧဝကို သိပ်လှအောင်ဖန်တီးခဲ့ရတာလည်း ဘုရား"
" မင်း အာရုံစိုက်မိအောင်လို့"
"ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှ မင်း သူ့ကိုချစ်မိမှာပေါ့"
ဤအချက်ကို အာဒံသည် ခေတ္တမျှစဉ်းစား၏ ။

"ဒါဖြင့် ဘာကြောင့်များ ဧဝကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလည်း ဘုရား "
" ဒါမှပဲ မင်းကို ကြိုက်တော့မှာပေါ့ကွာ"ဟူသတည်း...။


$$ ငါ့ဟာကွ $$

ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်အိပ်ခန်းကို
ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာသဖြင့် ကိုမြငွေသည်
တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏ ။မန်နေဂျာက ထိုအခန်းသို့
သမီးရည်းစား စုံတွဲတတွဲအတွက် နေရာပေးလိုက်၏ ။ မိမိနေရမည့်
အခန်းသို့ရောက်ခါမှ ယခင်အခန်းတွင် ကုတင်ခြေရင်း၌ မိမိ၏
ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏။ထို့ကြောင့် ထီးပြန်ယူရန်
ထိုအခန်းသို့ သွားလေ၏။ အခန်းအပြင်ဖက် တံခါးသို့အရောက်တွင် အတွင်းမှ
သမီးရည်းစားစုံတွဲ၏ စကားပြောသံများကို ကြားရသဖြင့် ခေတ္တနားစွင့်မိ၏ ။
" ခင်ရယ်၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလည်းဟင်"
" အို...မောင့်ဟာပေါ့ မောင်ကလည်း.."
" ဟောဒီ သမင်မျက်လုံးလေးကရော"
" မောင့်ဟာပဲပေါ့"
" ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်"
" မောင့်ဟာ၊မောင့်ဟာ"
" ဒီဆင်ဆွယ်လို လက်မောင်းလေးကရော"
" အို ...မောင့်ဟာပဲပေါ့"
ထိုကဲ့သို့ မေးလာရာ ပဉ္စငါးပါး ကုန်ခါနီးလာ၏ ။ အပြင်ကနားထောင်နေသော
ကိုမြငွေ အတော်ကို စိုးရိမ်စိတ်ဝင်လာ၏ ။ ထို့ကြောင့် အပြင်မှ နေ၍
လှမ်းအော်ပြောလိုက်လေ၏ ။
"အထဲက ကျေးဇူးရှင်လေး၊ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့
မင်းဟာမဟုတ်ဘူးနော်၊ အဲ့ဒါ ငါ့ဟာကွ" တဲ့.....


&& ကျုပ်ကိုလည်း ကုပေးပါလား &&

ပန်းခြံတစ်ခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစား စုံတွဲတစ်တွဲ
ထိုင်နေ၏ ။ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏ ။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို အဘိုးကြီး အတိုင်းသား
ကြားနေရ၏ ။
"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်.."
ကောင်လေးက နဖူးလေးကိုနမ်းလိုက်၏ ။ ထို့နောက်..
"မူးသေးလားဟင်..."
"ဟင့်အင်း၊ ပျောက်သွားပြီ..."
အတန်ကြာသောအခါ မိန်းခလေးက..
"မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ..."
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏ ။
"ဘယ်လိုနေသေးလည်း"
"အင်း၊ သက်သာသွားပြီ"
ခဏကြာသော်...
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏ ။ တစ်ဖက်တွင် ထိုင်နေသော
အဖိုးကြီး အတော်ကို နားကြားပြင်းကပ်လာ၏ ။ ထို့ကြောင့် လှမ်းပြောလိုက်၏ ။
"ဟေ့ ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွာ၊ ဦးမှာ
လိပ်ခေါင်းဖြစ်နေလို့" တဲ့


{{{ လှောင်တာလေလား }}}

ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူးချစ်နေကြ၏ ။
ချစ်စကားလေးတွေလည်း တီတီတာတာပေါ့။
"ဟိုအရင်ကလေ မောင်က တစ်ယောက်ထည်းသီးသန့်နေရတဲ့ဘဝကို သိပ်မြတ်နိုးတာ၊
အခုတော့ မောင့်စိတ်တွေပြောင်းလာရပါပြီ။ မောင့်အတွက် သစ္စာရှိတဲ့
အဖော်တစ်ယောက်ကို လိုချင်လာပြီ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့
ကြိုနေမဲ့သူ တစ်ဦးဦး ရှိနေစေချင်ပြီ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့
မောင့်ကို ကြည့်မယ့် တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ်"
မိန်းခလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏်...
"လာမောင်၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင်
သွားဝယ်ကြမယ်နော် "တဲ့......


[[[ လက်တွေ့သမားကွ ]]]

"ရှင်က ကျွန်မကို တစ်ကယ်ချစ်လို့လား"
"ချစ်တာပေါ့"
"ကျွန်မသေရင် ရှင်ငိုမှာလား"
"ငိုမှာပေါ့"
"ဘယ်လောက်ငိုမှာလည်း၊ မယုံပါဘူးနော်..၊ လက်တွေ့ငိုပြ..."
"ဒါဆို အရင်သေပြလေ"@@ ရေလာမြောင်းပေး @@
"ရှင် ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော်"
"ကိုယ် မင်းကို မနမ်းရပါလား"
"ဟုတ်ပါတယ်၊ တကတည်းမှပဲ....နမ်းမယ်ဆိုရင်ပြောတာပါ...."

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်