ပခုံးနဲ့
နောက်ကျောနေရာမှာ နာ ကျင်မှုဖြစ်ရ တာဟာ သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်နေ ဟန်ထား
မမှန်တာကြောင့် အဖြစ် များပါတယ်။ လုပ်ငန်းခွင်မှာ ကွန်ပျူတာ ကို အချိန်ကြာ
ကြာ အသုံးပြုရတဲ့သူတွေ မှာလည်း ခါးနေရာနာကျင်မှုတွေ ဖြစ် တတ်ပါတယ်။
အဝလွန်တာတွေနဲ့ အလေး အပင် မçတာတွေကြောင့်လည်း ဖြစ် တတ်ပါတယ်။ အသက်အရွယ်ပေါ်
မူတည် ပြီး နာကျင်မှုအခြေအနေက ကွာခြားနေ တတ်ပါတယ်။ အရိုးအဆစ်နာကျင်တတ် တဲ့
ရောဂါရှိ သူတွေမှာဖြစ်တတ်သလို၊ ခန္ဓာ ကိုယ်ကို လွန်ကဲစွာ အသုံးချရင်လည်း
ခါးနဲ့ပခုံးနာကျင်တတ်ပါတယ်။ မတ်တတ် ရပ်ချိန်၊ ထိုင်ချိန်၊
လမ်းလျှောက်ချိန်တွေ မှာ မှားယွင်းတဲ့ အနေ အထားတွေကြောင့် လည်း ပခုံးနဲ့
ခါးနေရာတွေကို နာကျင် နေစေပါတယ်။ တစ်ခါတလေ ခါးနဲ့နောက် ကျောနာကျင် မှုတွေဟာ
ဆေးသောက်ရုံ နဲ့ မပျောက် ကင်းဘဲ အိမ်တွင်း ကုသမှု လေးတွေ ပေးဖို့ လည်း
လိုအပ်ပါတယ်။မှန်ကန်တဲ့ ပုံစံနဲ့ ထိုင်ပါ
ထိုင်တဲ့ ပုံစံမှန်ကန်မူရှိဖို့ကလည်း အရေး ကြီးပါတယ်။ ကွေးကိုင်းနေတဲ့ထိုင်မှု ပုံစံ မျိုးကြောင့် သင့်ခါး၊ ပခုံးနဲ့ နောက်ကျော ရိုးနေရာတွေကို သက်သောင့် သက်သာ မဖြစ်စေဘဲ ထိခိုက်စေပါတယ်။ထိုင်ခုံ နောက်မှီမှာ သင့်နောက်ပခုံးနဲ့ တင်ပါး ဟာ ထိကပ်နေပြီး ခါးနေရာက လွတ်နေ ရမှာပါ။ နောက်ကျောကို တစ်ပြေးတည်း မှီထားတာမျိုးမဖြစ်ရပါဘူး။ ရင်ကို ဖွင့် ထားပြီးခါးကိုမတ်ထားရမှာပါ။
ခဏနားပါ
ကွန်ပျူတာကို တစ်နာရီအသုံးပြုပြီး တိုင်း ငါးမိနစ်လောက် ခဏ လမ်းထ လျှောက်ပါ။ အလားတူပဲ ကားမောင်းနေ တဲ့သူ၊ စာအုပ်ဖတ်တဲ့သူနဲ့ တီဗီကြည့်တဲ့ သူတွေကလည်း အချိန်အကြာကြီး ထိုင် မနေသင့်ပါဘူး။ ခေါင်းက အောက်ကို ငုံ့ကြည့်နေရတဲ့ အနေအထားမျိုးမဖြစ် စေဖို့လိုပါတယ်။ နေထိုင်မှု ပုံစံမှန်တာ ကြောင့် နာကျင်မှုလည်း ကင်းဝေးစေမှာ ပါ။
ကုသနည်းများ
ပခုံးနဲ့ခါးနေရာနာကျင်မှုတွေအတွက် ဆေးဝါးတွေနဲ့ ကုသမှုခံယူကြရပါတယ်။ ဒါမှ မသက်သာဘူးဆိုရင် ညင်သာစွာ နှိပ်နယ်ပေးတဲ့ ကုထုံး၊ ရနံ့ကုထုံး၊ ရေခဲကပ် တာ၊ ရေနွေးကပ်တာ၊ ဆေးထိုးတာ၊ တရုတ်အပ်စိုက်ကုထုံး၊ အရိုးအထူးကု ဆရာဝန်တွေနဲ့ ကုသမှုခံယူနိုင်ပါတယ်။
နာကျင်မှုသက်သာစေရန်
နာကျင်မှုတွေကို သက်သာစေဖို့ အတွက်အချိန်ယူဖို့တော့လိုပါတယ်။ နေ ထိုင်မှုပုံစံမမှန်တာကြောင့် နာကျင်တာ မျိုးဆိုရင် မှန်ကန် တဲ့ နေထိုင်မှု ပုံစံကို ပြောင်းလိုက် တာနဲ့ ရက်အနည်းငယ်ကြာ ရင် သက်သာသွားနိုင်ပါတယ်။ ဆွဲဆန့် လေ့ကျင့်ခန်းတချို့လည်း ပြုလုပ်ပေးနိုင် ပါတယ်။ ခြေဆင်းကာ ခါးဆန့် ထိုင်နေ ပြီး ဦးခေါင်းနောက် ဘက်မှာ လက်နှစ် ဖက်ကိုထားပါ။ လက်တံတောင်နဲ့ ခန္ဓာ ကိုယ်ကို ဘယ်ယိမ်းလိုက်၊ ညာယိမ်း လိုက် ပြုလုပ်ပေး ပါ။
ရေနွေးအိတ်ကပ်ပေးပါ
ပူနွေးတဲ့ခံစားမှုဟာ နာကျင်ကို လျော့ပါးစေပါတယ်။ ရေနွေးအိတ် ဒါမှမ ဟုတ် ရေနွေးထည့်ထားတဲ့ ပုလင်းကို အ ဝတ်ပတ်ပြီး ပခုံးပေါ်မှာ ကပ်ပေး ပါ။ ရေ နွေးနဲ့ ရေစိမ်ချိုး တာကြောင့်လည်း နာ ကျင်မှုသက်သာစေနိုင်ပါတယ်။
ရေခဲကပ်ပေးပါ
ရေခဲကပ်တာက နာကျင်မှုနဲ့ ရောင် ရမ်းမှုကို လျော့နည်းစေ ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ပါ
ယောဂနဲ့ တခြားအေရိုးဗစ်လေ့ကျင့် ခန်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြုလုပ် နိုင် ပါ တယ်။ ပြင်းထန် တဲ့လေ့ကျင့်ခန်းတွေ တော့ ရှောင်ပါ။ လည်ပင်းနေရာလေ့ကျင့် ရတဲ့ လေ့ကျင့်ခန်းမျိုး၊ ခါးထောက်ပြီး ဘေးကိုကွေးလိုက်၊ ဆန့်လိုက်ပြုလုပ်ရတဲ့ လေ့ကျင့်မှုမျိုး၊ မတ်တတ် ရပ်ပြီး ခါးကို ကွေးကာ လက်ချောင် ထိပ်လေးတွေနဲ့ ခြေချောင်းထိပ်လေးတွေကို လှမ်းထိရ တဲ့ လေ့ကျင့်မှု မျိုးတွေကို ပြုလုပ်လေ့ ကျင့် ပေးနိုင် ပါတယ်။ နှိပ်နယ် မှုခံယူပါ ပြင်းထန်တဲ့နှိပ်နယ်မှု မဟုတ်တဲ့ နှိပ်နယ်မှုကုထုံးတွေကို ခံယူပေးပါ။ သံ လွင်ဆီ၊ မင်သော်ပါဝင်တဲ့ ဆီမျိုးတွေနဲ့ နောက်ကျောပြင်နေရာ၊ ပခုံးနေရာနဲ့ ခါး နေရာတွေ ကို သွေးလည်ပတ်မူအတိုင်း နှိပ်နယ်ပေးပါ။ ဖိအားမသုံးဘဲ ညှစ်အား ကိုသုံးရတဲ့ နှိပ်နယ်မှုမျိုးနဲ့ အနှိပ်ခံယူပါ။
By Good Health










0 comments:
Post a Comment