ဝမ်းဗိုက်ပြည့်
အင့်ပြီး တင်းကျပ်ကျပ် ဖြစ်ကာ လေပွတာကို ခံစားနေရ တာကြောင့်
မအီမသာဖြစ်နေပါသလား။ ဆေးပညာ ရှင်တွေက လေပွတာမဖြစ်အောင် ကာကွယ်နည်းတွေကို
လွယ် လွယ်ကူကူလုပ်ဆောင်နိုင်တယ်လို့ အကြံပြုထားပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ
စုနေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း လေပွတာပြီး
ဝမ်းဗိုက်တင်းကျပ်ကျပ်ဖြစ်တာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့
ခံစားရနိုင်ပါတယ်။ လေပွတာက အသည်းနဲ့ နှလုံးရောဂါတွေ
ခံစားရတာကြောင့်ဖြစ်နိုင်ပေမယ့် အများစုခံစားရတတ်တာကတော့ အူအတွင်းရှိ
လေတွေကြောင့် ပါ။ အစားအစာတွေကြောင့် လေပွတာ၊ ဝမ်းချုပ်လို့ လေပွတာ စတဲ့
လေပွတာကို ဖြစ်စေတဲ့အကြောင်းတွေ များစွာရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ဝမ်းမချုပ်ပါစေနှင့် အမျှင်ဓာတ်အစားနည်းတာ၊ ရေသောက်နည်းတာနဲ့
လှုပ်ရှားမှုမရှိတာတွေကြောင့် ဝမ်းချုပ်စေပြီး လေပွတာကိုဖြစ် စေတယ်လို့ Mayo
Climic မှ သုတေသီ Mitchael Jensen က ပြောပါတယ်။ ဝမ်းချုပ်တာကြောင့် လေပွတာ
မဖြစ်အောင် အမျှင်ဓာတ် များစွာပါဝင်တဲ့ ကောက်နှံတစ်ခုလုံး၊ သစ်သီး၊ ဟင်း
သီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ စားပေးပါ။ အမျိုး သမီးတွေ အတွက်
တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်နဲ့ အမျိုးသား တွေအတွက် ၃၈ ဂရမ်
စားသုံးသင့်ပါတယ်။ ရေကို တစ်နေ့ ၆- ၈ ခွက်သောက်ပါ။ လေ့ကျင့်ခန်းကို
တစ်နေ့နာရီဝက်နဲ့ တစ်ပတ် ငါးရက်လုပ်ပါ။ လက်တို့ စ်နှင့် ဓာတ်မတည့်မှုမှ
ရှောင်ကြဉ်ပါ အစားအစာတွေနဲ့ ဓာတ်မတည့် တာကြောင့် လေပွတာကို ဖြစ်စေပါတယ်။
ဆရာဝန်ရဲ့ အတည်ပြုချက်ကို ရယူဖို့တော့ လိုပါ တယ်။ အများစုက
တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ မေးမြန်း မှုမရှိဘဲ ကိုယ့်ဘာသာ ထင်မြင်ချက်နဲ့
နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားဘဲ ရှောင်တတ်ကြပါတယ်။ တကယ်လို့ သင်နဲ့
မတည့်တဲ့ဘူး လို့ သံသယရှိတဲ့ အစားအစာကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး
အကြံပြုချက် ရယူပါ။ လက်တို့စ်ပါဝင်တာကြောင့် နို့နဲ့ နို့ထွက် ပစ္စည်းတွေနဲ့
မတည့်ပါက လက်တို့စ်ပါဝင်မှုနည်းတဲ့ ဒိန်ချဉ် သောက်ပါ။ အစာ အမြန်မစားပါနှင့်
အစာကို သိပ်ကြေညက်အောင် မဝါးဘဲ အမြန်မျိုချတာ ကြောင့် လေတွေဝင်ပြီး
လေပွတာကို ဖြစ်စေပါတယ်။ အစာစား တဲ့အခါ ဖြည်းဖြည်းနဲ့ကြေညက်အောင် ဝါးစားပါ။
သင်ထမင်းစား ချိန်က အနည်းဆုံးနာရီဝက်လောက်တော့ ပေးသင့်ပါတယ်။ ဖြည်းဖြည်းနဲ့
အစာကြေညက်အောင် ဝါးစားတာက လေပွတာကို ကာကွယ်ပေးတဲ့အပြင် ဆာလောင်မှုကို
တင်းတိမ်စေတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။
ကာဗွန်ဖြည့်သွင်းထားသော အချိုရည်များ လျှော့သောက်ပါ ကာဗွန်ဖြည့်သွင်းထားတဲ့
အချိုရည်သောက်တဲ့အခါ ဝမ်း ဗိုက်ထဲမှာ လေတွေ ကျန်နေပြီး လေပွတာကို
ဖြစ်စေပါတယ်။ ကာဗွန်ဖြည့်သွင်းထားတဲ့အချိုရည်တွေ သောက်မယ့်အစား ရှောက်၊
သံပရာနဲ့ သခွားရနံ့ဖြည့်စွက်ထားတဲ့ ရေသောက်ပါ။ ပင်စိမ်းခတ်ထားတဲ့
လက်ဖက်ရည်သောက်ပေးတာက လေပွတာ ကို သက်သာစေပါတယ်။ ပီကေ အလွန်အကျွံ
မဝါးပါနှင့် ပီကေဝါးတဲ့အခါ လေတွေကို မျိုချမိတာကြောင့် လေပွတာ ကို
ဖြစ်စေပါတယ်။ သင်က ပီကေဝါးတတ်တဲ့အကျင့် ရှိပါက ပီကေဝါးပြီးတဲ့အခါ သကြားလုံး
စားပေးပါ၊ ဒါမှမဟုတ် အမျှင် ဓာတ်များစွာရနိုင်တဲ့ သစ်သီး၊
ဟင်းသီးဟင်းရွက်နဲ့ အဆီနည်း ပြောင်းဖူးပေါက်ပေါက် စားပေးပါ။
အချိုဓာတ်ဖြည့်စွက်ထားသော အစားအစာများကို ရှောင်ပါ သဘာဝမဟုတ်တဲ့
အချိုဓာတ်ဖြည့်စွက်ထားတဲ့ အစားအ သောက်တွေကို
အလွန်အကျွံစားသောက်တာကြောင့်လည်း လေပွတာကို ဖြစ်စေပါတယ်။ တစ်နေ့ကို
သဘာဝမဟုတ်တဲ့ အချိုဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို နှစ်ကြိမ်သုံး
ကြိမ်ထက် ပိုမစားသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြု ထားပါတယ်။
ဆားလျှော့စားပါ အဆင်သင့်ပြုလုပ်ရောင်းချတဲ့ အစားအစာတွေမှာ ဆား လွန်ကဲစွာ
ပါဝင်ပြီး အမျှင်ဓာတ် မပါဝင်သလောက် နည်းပါးတာ ကြောင့် လေပွတာကို
ဖြစ်စေပါတယ်။ အဆင်သင့်ပြင်ဆင်ရောင်း ချတဲ့ အစားအစာတွေကို ဝယ်ယူတဲ့အခါ
ပါဝင်ပစ္စည်းတွေကို သေချာစွာ ဖတ်ပြီးမှ ဝယ်ယူသုံးစွဲပါ။ သင်ဝယ်ယူတဲ့
အဆင်သင့် အစားအစာတွေမှာ ဆား ၅၀ဝ မီလီဂရမ်ထက် ပိုမပါသင့်ပါဘူး။
ဆားစားသုံးမှုက တစ်နေ့ကို ၁၅၀ဝ-၂၃၀ဝ မီလီဂရမ်ထက် မပိုသင့်ပါဘူး။ အစာကြေ
လေနိုင်ဆေး သောက်ပါ သင်က ပဲအမျိုးမျိုးနဲ့ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊
ဂေါ်ဖီ ထုပ်တွေကို စားလေ့စားထမရှိဘဲ စားပါက လေပွတာကို ဖြစ် စေပါတယ်။
ဒီအစားအစာတွေက အာဟာရဓာတ်ြွကယ်ဝတာ ကြောင့် လေပွမှာ စိုးလို့
ရှောင်ကြဉ်တာမျိုး မလုပ်သင့်ပါ။ ဒီအစား အစာတွေစားပြီး လေပွပါက
အစာကြေလေနိုင်ဆေး သောက် ပေးနိုင်ပါတယ်။ အစာကို နည်းနည်းနှင့် မကြာခဏ စားပါ
တစ်နေ့ကို မနက်စာ၊ နေ့လယ်စာနဲ့ ညစာဆိုပြီး အနပ် ကြီးသုံးနပ်ကို
အဝစားမယ့်အစား နည်းနည်းနဲ့ အကြိမ်ရေများ များစားပေးပါ။
ဒီလိုစားတာကြောင့်သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင်
ထိန်းသိမ်းထားနိုင်ပြီး ဆာလောင်မှုကို ထိန်းချုပ် နိုင်စွမ်းရှိပါတယ်။
လေပွခြင်းမှ ကာကွယ်ပေးနိုင်သောအစားအစာများကို စားပါ လေ့လာမှုတွေအရ
ပင်စိမ်းခပ်ထားတဲ့ လက်ဖက်ရည်၊ ချင်း (ဂျင်း)၊ နာနတ်သီး၊ တရုတ်နံနံပင်နဲ့
ဒိန်ချဉ်တွေ သောက်သုံးပေး တာက လေပွတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။By Good Health










0 comments:
Post a Comment