 စင်ကာပူ သုတေသီ တစ်စုက သွေးလွန် တုပ်ကွေး ဗိုင်းရပ်စ် ပိုးကို နှစ်နာရီ 
အတွင်း တိုက်ခိုက် နှိမ်နင်း သတ်ဖြတ်ပေးနိုင် သည့် လူသား ခုခံ 
ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြ သည်။ ဤခုခံပစ္စည်းကို ကျယ်ပြန့်စွာ 
ထုတ်လုပ်နိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း၊ သွေး 
လွန်တုပ်ကွေးဖြစ်ပွားနေသော လူနာ များအား ကုသပေးနိုင်မှာဖြစ်ကြောင်း သိရသည်။
ဤသုတေသနကို စင်ကာပူ အမျိုးသားသုတေသနဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် 
ပြုလုပ်ခဲ့ကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွား ပြီး 
ပြန်လည်နာလန်ထလာသော လူနာများထံမှ အဆိုပါ ခုခံပစ္စည်းကို 
ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ ပေါ်တွင် နှစ်စဉ် သွေးလွန်တုပ်ကွေး 
ဖြစ်ပွားမှု သန်း၅၀မှ သန်း၁၀ဝ ကြား ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ 
ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသည်။အတည်ပြုချက် ရရှိထားသော ကာကွယ်ဆေး သို့ မဟုတ် ကုထုံးယနေ့အထိမရှိသေးဘဲ ဗိုင်းရပ်စ်ပိုး သယ်ဆောင်သည့် ခြင် နှိမ်နင်းရေးကိုသာ တစ်ခုတည်းသော ကာကွယ်ရေးနည်းလမ်းအဖြစ် အသုံးပြု နေရသောကြောင့်ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ် သည်။ သွေးလွန်တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးအမျိုးအစား ၄မျိုး ရှိသည်။ တစ်ခုကို ခံနိုင်ရည်စွမ်းရှိသော်လည်း ကျန် ၃ ခုအား တစ်စိတ်တစ်ပိုင်း သို့မဟုတ် အနည်းငယ်မျှသာ ကာ ကွယ်နိုင်သည်။
သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးစားမှုသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ စင်ကာပူနှင့် အခြားသော အရှေ့ တောင်အာရှနိုင်ငံများတွင် အဖြစ်များ သည့် သွေးလွန်တုပ်ကွေးရောဂါ၏ ၅၀ ရာခိုင်နှုန်းကို ဖြစ်ပွားစေသောဗိုင်းရပ်စ် အမျိုးအစား DENV ကို ခုခံနှိမ်နင်း နိုင်မည့် လူသားခုခံပစ္စည်းကို ဖော် ထုတ်နိုင်ခြင်း ဖြစ်သည်။ လာမည့် ၆ နှစ်မှ ၈နှစ်အတွင်း သွေးလွန်တုပ်ကွေး ကုသသည့်ဆေးကို ဖော်ထုတ်နိုင်ရန် မျှော်လင့်ထားကြောင်း၊ အခြားသော သွေးလွန်တုပ်ကွေးရောဂါ ဗိုင်းရပ်စ် ပိုးကာကွယ်ဆေးကို နောင်၂နှစ်အတွင်း ဖော်ထုတ်နိုင်ရန်မျှော်လင့်ထားကြောင်း သိရသည်။
By Health Digest
 
0 comments:
Post a Comment