www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

CDMA 800mhz ကို အင်တာနက်ချိတ်ဆက်နည်း


Cbox မှာ mgpaukkyaine ရေးသွားတာ တစ်ပိုင်းတစ်နဲ့ပါ.. ဒါပေမယ့် ကျွန်တော် ရှာဖွေပြီး တင်ပေးလိုက် ပါတယ်.. ဒီရက်ပိုင်း သိပ်နေမကောင်းဘူး.. ပြီးတော့ မကျွမ်းကျင်သေးတဲ့ wordpress နဲ့ ၀က်ဆိုဒ်တစ်ခု လုပ်ဖို့ ပြင်ရင်းပြင်ရင်း အဆင်မပြေတာလေးတွေဖြစ်နေလို့ ပို့စ်တွေမတင်ဖြစ်ပါဘူး.. ကျွန်တော် Huawei c8600 Android နဲ့ ဥပမာထားပြီး ပြောပြသွားပါမယ်.. အောက်က အဆင့်တွေအတိုင်း လုပ်သွားရင် ရပါပြီ..
ဒီဖုန်းမှာ ထည့်သွင်းနည်းကို ကြည့်ပြီး အခြား Android နဲ့ ထည့်သွင်းနိုင်ပါတယ်။
1.Setting ကိုဝင်ပါ။
2.Wireless ကိုရွေးချယ်ပါ။
3.အောက်ဆုံးမှာ ရှိတဲ့ Mobile Networks ကိုရွေးချယ်ပါ။
4.Access Point Name ရှိပါတယ် ရွေးပေးပါ။ New APN ကိုရွေးချယ်ပါ။
Name ကိုမိမိနှစ်သက်ရာ နာမည်ပေးပါ။
5.APN မှာ #777 ကိုထည့်ပေးပါ။
6.User Name မှာ စိတ်ကြိုက်အမည်နောက်က @c800.mm လို့ရွေးပေးပါ။ ဥပမာ maungpauk@c800mm.com
7.Password မှာ ကြိုက်တဲ့ Password ပေးပါ။
8.Proxy မှာ 192.168.50.16 ထည့်သွင်းပေးပါ။
9.Port မှာ 8080 ထည့်ပေးပါ။
ပြီးရင် မှန်မမှန် ပြန်လည်ကြည့်ပြီး Save ဒါဆိုရင်ရင်တော့  APN ထဲမှာ ကိုယ်ပေးခဲ့တဲ့နာမည် (maungpauk)ဆိုပြီး ပေါ်နေလိမ့်မယ်
အဲဒါလေးကို ရွေးလိုက်ပါ
ဒါဆိုရင် အင်တာနက်သုံးလို့ရပါပြီ

အဆင်ပြေပါစေ...

by komaungpauk

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်