စိတ်ဖိစီးမှု ဒဏ်(Stress) မှာလည်း ၂ မျိုးရှိပါ တယ်။ good (အကောင်း)နှင့် (bad) အဆိုးဖိစီးမှု ဒဏ်လို့ ၂ မျိုးခွဲနိုင်ပါ တယ်။ Good Stress ဆိုတာ ကတော့ လူကို နိုးကြား ထကြွ နေ အောင် တွန်းအား ပေးနေပြီး ကောင်းတဲ့ဘက်ကိုရောက်ရှိ စေတာပေါ့လေ။Bad stress ဆိုတာက တော့ သက်ရောက်ခံရသူဟာ အမြဲတမ်း ဖိအားအောက်မှာ ရှိနေပြီး- အမြဲစိတ်တို၊ ဒေါသထွက်၊ မိမိခန္ဓာကိုယ်ရဲ့ တစ်သျှူး တွေ ဆဲလ်တွေ ကိုယ်တွင်း အင်္ဂါတွေဟာ အဲဒီဖိစီးမှုဒဏ်တွေကြောင့် ရေရှည်မှာ ထိခိုက် ပျက်စီးကုန်တာပါပဲ။
လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက သုတေသနပြုခဲ့ ရာမှာ စိတ်ပိုင်းဆိုင်ရာ အထူးထိခိုက်ဖိစီး စေတဲ့အဖြစ်အပျက်တွေအနက်မှာ မိမိ၏ ခင်ပွန်း (သို့မဟုတ်) ဇနီး သေဆုံးသွား ခြင်း၊ အိမ်ထောင်ရေးပြိုကွဲ၊ ခွဲခွာကြရခြင်း နှင့် အလုပ်ပြုတ်ရခြင်း စသည့် အခြေ အနေတွေ ပါပါတယ်။ ဒီလိုအခြေအနေ တွေမှာ ခန္ဓာကိုယ်ရဲ့ ဇီဝဓာတုအခြေအနေ တွေပါ ပြောင်းလဲထိခိုက်စေပါတယ်။ ထိတ်လန့်ခြင်း၊ နာကျင်ခြင်း စတာ တွေက နှလုံးရောဂါရရှိစေနိုင်မှုအပေါ် ဒီလောက် လွှမ်းမိုးမှုမရှိပါဘူး။
လူတစ် ယောက်ဟာ ရေရှည်ဖိစီးမှုဒဏ်ကို ခံနေရ ပြီး ဘဝမှာ အဆင်မပြေ မပျော်မရွှင်နဲ့ ရေရှည်ခံစားနေရာတာတွေက နှလုံးရောဂါ ဖြစ်မှုဆီကို ဦးတည်တာပါ။ လူတစ် ယောက်ရဲ့ အစားအသောက်၊ နေထိုင်မှု ပုံစံ၊ ဖိစီးမှုဒဏ်၊ သွေးပေါင်ချိန်နှင့် မိသားစုမျိုးရိုး စတဲ့အချက်တွေက တစ် ရက် နှစ်ရက်နဲ့ မသိသာပါဘူး။ နှစ်ပေါင်း များစွာ ကြာလာတဲ့အခါကျမှ အဲဒီအချက် တွေရဲ့ သက်ရောက်မှုကို ခံစားကြရတာ ပါ။ အနှစ် ၂၀ ထက်မကကြာပါမှ နှလုံး ရော၈ါ စသဖြင့် ရရှိလာတတ်ကြပါတယ်။ ထိရောက်တဲ့စိတ်ပိုင်းဆိုင်ရာ ကုသမှု တွေကို ရယူနိုင်လျှင် နှလုံးရောဂါကို သဘာဝနည်းနဲ့ ကုသရာမှာ အများကြီး စကားပြောပါတယ်။ Effective Psychological treatment လို့ခေါ်နိုင်ပါတယ်။ ထိထိရောက် ကုသမှုခံယူရင် နှလုံးရောဂါ ရှင်တွေဟာ သိသိသာသာကြီး သက်သာ လာပြီး ခန္ဓာကိုယ်ကို သဘာဝအကောင်း အတိုင်းပြန်ဖြစ်စေဖို့ အခွင့်အလမ်းရှိတယ် လို့ ဆိုကြပါတယ်။ ကုသနည်းအတိုင်းအတာကတော့ အမျိုးမျိုးရှိပြီး ကျယ်ဝန်းလှပါတယ်။
လှုပ်ရှားမှုဖြင့်ကုသခြင်း ( Activity Therapies)
ယခုကုသမှုက သင့်အတွင်းစိတ်မှာ ကိန်းအောင်းနေတဲ့စိတ်လှုပ်ရှားမှုတွေကို လွတ်မြောက်စေတဲ့နည်းပါ။ ဒေါသ၊ နာကျင်ခံစားမှု၊ စိတ်ပျောက်မှု၊ မနာလို ဖြစ်မှု စတဲ့အတွင်းစိတ်တင်းမာမှု ခံစားမှု တွေကို သင့်ကိုယ်ကို လှုပ်ရှားမှုတစ်ခုခု မှာ အစားထိုးမြှုပ်နှံလိုက်ပြီး သက်သာ သွားအောင် ပြုလုပ်တဲ့နည်းပါပဲ။ အဲဒီနည်းတွေမှာ Art therapy, Dance movement therapy, Group Therapy [Music and Soung therapy] စတာတွေပါဝင်ပါတယ်။ Art tehrapy သင့်ရဲ့စိတ်လှုပ်ရှားမှု တွေကို အရောင်၊ ပုံပန်းသÌာန်၊ သို့ မဟုတ် ပုံစံတွေအဖြစ် ပြောင်းလဲစေတဲ့ နည်းပါ။ ပန်းချီဆွဲမလား၊ ပန်းပုရုပ်ထုမလား။ သို့မဟုတ် မြေဖြူနဲ့ ကျောက်သင်ပုံးပေါ် ရေးမလား။ ဒါတွေက စိတ်ထွက်ပေါက် တွေပါ။ ပန်းချီဆေးရောင်ခြယ် ရုပ်ပုံတွေ ဆွဲခြင်းဖြင့် သင်၏ အတွင်းစိတ်ခံစားမှုတွေ ကို ဖော်ပြတဲ့နည်းပါ။
Dance Movement therapy မိမိတစ်ယောက်တည်း သို့မဟုတ် အဖွဲ့လိုက်ပြုလုပ်နိုင်ပါတယ်။ လွတ်လွတ်လပ်လပ် ကခုန်ခြင်းဖြင့် စိတ်ထွက်ပေါက်ကိုရှာတာပါ။ Group or encounter therapy မိတ်ဆွေတစ်ယောက်ဆီမှာ သင့် ခံစားချက်ကို လွတ်လွတ်လပ်လပ်ဖော် ထုတ်ပါ။ သာမန်ဆိုရင်တော့ အခုလို ပွင့်ပွင့် လင်းလင်း ဖွင့်ဟဖြစ်လိမ့်မည်မဟုတ်ပါ။ ဖော်ထုတ်ရဲတဲ့သတ္တိလိုပါတယ်။ ဖော် ထုတ်လိုတဲ့ ဆန္ဒလည်းရှိဖို့လိုပါတယ်။ Music and Sound theraphy အသံတစ်ခုကို မိမိဘာသာဖန်တီးပြု လုပ်ခြင်း (သို့မဟုတ်) တခြားတစ်နေရာ ရာက အသံ (Noise) ကို တုံ့ပြန်ခြင်းပါ။ ဥပမာ- ဗုံတီးခြင်း၊ ဒါမှမဟုတ် Music တေးဂီတနားထောင်ခြင်း၊ တချို့ကလည်း သူများဖန်တီးတဲ့ ကျယ်ကျယ်လောင် လောင် တေးဂီတကို နှစ်သက်သူတွေ လည်း ရှိပါတယ်။ တေးဂီတကို မိမိက ဖန်တီးသည်ဖြစ်စေ အခြားသူရဲ့ ဂီတကို နားထောင်သည်ဖြစ်စေ မိမိရဲ့ စိတ်ခံစားမှု ဝေဒနာတွေကို သက်သာအောင် ပြုလုပ် ပါ။










0 comments:
Post a Comment