ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်
အော်ဂင်နိုဖော့စဖိတ် ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်းသည်
ကိုယ်ဝန်ဆောင်ချိန်ကို တိုတောင်းသွားစေပြီး မွေးလာမည့် ကလေး၏
ကိုယ်အလေးချိန်ကို လျော့ပါးသွားစေနိုင်ကြောင်း လေ့လာချက်အသစ် တစ်ရပ်အရ
တွေ့ရှိရသည်။ ဗင်ကိုဗာမြို့ အခြေစိုက် ဆိုင်မွန်ဖရေဇာတက္ကသိုလ်မှ သုတေသန
ပညာရှင်များသည် ကိုယ်ဝန် ဆောင်အမျိုးသမီးများ ပိုးသတ်ဆေးနှင့် ထိတွေ့မှုမှာ
ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ်သောက်ခြင်းနှင့် ရလဒ်တူညီကြောင်း
နှိုင်းယှဉ်နိုင်သည်ဟုဆို သည်။ ပိုးသတ်ဆေးများနှင့် ထိတွေ့ခြင်းအားဖြင့်
မွေးလာမည့်ကလေးကို ပျမ်းမျှ အားဖြင့် ကိုယ်အလေးချိန် ၁၅၀ဂရမ် လျော့ကျစေသည်
ဟုဆိုသည်။ အဆိုပါ တက္ကသိုလ်မှ ပညာရှင်များသည် အိုဟိုင်းယိုးပြည်နယ်
စင်စင်နာတီမြို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၀၆ ဦးကို လေ့လာရာမှ
ယင်းအချက်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။by swesonemedia










0 comments:
Post a Comment