အာဟာရ
တန်ဖိုး မပါဝင်တဲ့ ဖန် တီး ပြုပြင်ထားတဲ့ အစာများ အလွယ် စာ အမြန်စာ
သရေစာများကို အမှိုက်သရိုက်အစာ Junk Food လို့ခေါ်ပါတယ်။ ယခင်ကတော့ Junk Food
များ စားခြင်းကြောင့် ကိုယ်အလေးချိန်တိုးစေနိုင်ခြင်းရှိ ကြောင်းသာ
သိရှိခဲ့တယ်။ယခုအခါ လူပေါင်း ၉၀ဝ၀ကျော်ရဲ့စားသောက်မှု အလေ့အထကို လေ့လာတဲ့အခါ ဟမ်ဘာဂါ၊ ဟော့ဒေါ့နှင့် ပီဇာကို အမြဲလိုလို မကြာခဏစားတဲ့သူတွေမှာ စိတ်ကျရောဂါဖြစ်ပွားမှုနှင့် ဆက်စပ် မှုရှိနေကြောင်း တွေ့ခဲ့ရပြီး အဲဒီလို စားသုံးသူတွေရဲ့ ထက်ဝက်ကျော်ဟာ အဲဒီလိုအမျိုးအစားတွေ မစားတဲ့သူ တွေထက် စိတ်ကျရောဂါဖြစ်ပွားမှု ပိုများကြောင်း တွေ့ရပါတယ်။ ဒါ့ အပြင် Junk Foodတွေကို ပိုပြီးစား ကာယသမား၊ ကာယလှုပ်ရှားမှုနည်း ပါးသူ၊ ဆေးလိပ်သောက်သူ၊ တစ်ပတ် လျှင် ၄၅ နာရီထက်ပို၍ အလုပ်လုပ် ရသူများ ဖြစ်ဖို့ပိုများကြောင်း တွေ့ရပါ တယ်။
ဒီလေ့လာမှုရဲ့ ခေါင်းဆောင်က ပြောကြားခဲ့တာကတော့ Junk Food ပမာဏ အနည်းငယ်သာ စားတာ တောင်မှ စိတ်ကျရောဂါဖြစ်နိုင်တဲ့ အခွင့်အလမ်းက မြင့်မားကြောင်း၊ Junk Foodတွေဟာ အဝလွန်ခြင်းနှင့် နှလုံးရောဂါများ ဖြစ်ပွားစေတဲ့အပြင် ယခုလေ့လာမှုအရ စိတ်ကျန်းမာရေး ကိုပါ ဆိုးကျိုးသက်ရောက်နေကြောင်း၊ ဒါ့ကြောင့် Junk Food များနှင့် ပတ်သက်၍ ထိန်းချုပ်ဆောင်ရွက်မှု များ ပိုမိုပြုလုပ်ရန် လိုအပ်နေပြီဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်
By Health Digest










0 comments:
Post a Comment