www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဟာသအပိုင်း (၁)

 သေပြီဆရာ ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။ အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေး တစ်ယောက်မွေးတယ်။ ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။ တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။ လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။ ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။ ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။ ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကို ပြောတယ် ။ အဖေ…သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက ကျွန်တော်က ” သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေး အဖေ ပါးစပ်က ဟေ……………….

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်