www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဟာသအပိုင်း(၂)

နားလေးသူမို့ပါ
” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
” ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။ သူက နားနည်းနည်းလေးတယ် ”
 အပူကိုယ်စားလှယ် ”
အခုတလော ကျုပ်မှာ ပူပင်စရာတွေ များလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ ”
” ကိုင်း……. ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ ”
” အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ ”
 မေမေ့ တာဝန်ထားလိုက်
 ” အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ ”
” လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ ”
 အချစ်အတွက်ဆိုရင်
” အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ် ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ ”
” ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် ”
” စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ ”
 နည်းနည်းစောင့်ပါ
ပထ၀ီဝင်ဆရာမ – ” ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့ သိသမျှ ပြောပြစမ်းကွာ ”
တပည့် – ” လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ် ” ဆိုမှဆိုတက်ပဲဟာ ”
 ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့  ခြိမ်းခြောက် ကြတယ် မေမေ ”
” အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ ”
” ဟွန့်မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ ”
အမွေဆက်ခံမိလို့
” ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”
” ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား ”
” ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောက်ျားပါ
 ” ရေတွက်ပုံချင်းမတူ ”
 စိတ်ဆိုးမယကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား ”
” အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ ”
” ဘာဖြစ်လို့လဲကွ ”
” ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ “

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်