www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အိပ်မပျော်ခြင်းအကြောင်းရင်းများ


(၁) နာကျင်ကိုက်ခဲခြင်း
ညအိပ်မပျော်ခြင်း၏ (၃၅)%သော အကြောင်းအရင်းမှာ ကိုယ်လက်နာကျင် ကိုက်ခဲ ခြင်းပင်ဖြစ်သည်။ ခါးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပါးစောင်မေးရိုးကိုက်ခဲ ခြင်းတို့သည် ညအိပ်မပျော်စေသော အ ကြောင်းရင်းများဖြစ်သည်။
(၂) စိတ်ဖိစီးမှုနှင့်စိတ်ရောဂါများ
စိတ်ကူးခြင်းနှင့်စိုးရိမ်ပူပန်မှုတို့ သည်လည်း အိပ်စက်မှုကိုအနှောင်အ ယှက်ပေးနိုင်သည်။ စိတ်ခံစားမှုနှင့်အိပ် စက်မှုတို့သည် ဆက်စပ်နေသောကြောင့် ငွေကြေးအဆင်မပြေခြင်း၊ အိမ်တွင်းရေး ပြဿနာ အစရှိသော စိတ်ဖိစီးမှုများ သည် အိပ်မပျော်ခြင်းကိုဖြစ်စေသည်။
(၃) ဟောက်ခြင်း
လူဦးရေ၏(၃၀)%ခန့်သည် အိပ်နေ စဉ် ဟောက်တတ်သည်။ ထိုသူများတွင် အိပ်စက်သော်လည်း အိပ်ရေးမဝတတ် ပေ။ (၈)နာရီအိပ်သော်လည်း (၄)နာရီ အိပ်စက်သလောက်သာ ခန္ဓာကိုယ်ကို အကျိုးဖြစ်စေသည်။ ထို့ပြင်၎င်းသည် နှလုံးရောဂါ၊ သွေးတိုးနှင့် လေဖြန်းခြင်း၊ လေဖြတ်ခြင်းတို့နှင့်ပါ ဆက်စပ်နေသည်။
(၄) ညပိုင်းအလုပ်လုပ်ခြင်း
ဆရာဝန်၊ သူနာပြုနှင့် ညပိုင်းအ လုပ်လုပ်သူများတွင် ဦးနှောက်မှမှတ်သား ထားသော နေ့ညစည်းချက်ပျက်နေတတ် ၍ ဟော်မုန်းပမာဏများလည်း မမျှမတ ဖြစ်နေတတ်သည်။
(၅) ဟော်မုန်းမညီမျှမှု
အမျိုးသမီးများတွင်ရာသီလာစဉ်၊ ကိုယ်ဝန်ဆောင်စဉ်နှင့် သွေးဆုံးချိန်များ တွင် ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားနာကျင်မှု၊ ကိုယ်ခန္ဓာဖိန်းတိန်ဒ ရှိန်းတိန်းဖြစ်မှုနှင့် ညပိုင်းဆီးခဏခဏ သွားခြင်းတို့ဖြစ်ကာ အိပ်စက်မှုကိုအ နှောက်အယှက်ပေးတတ်သည်။
(၆) ဆေးဝါးများ
အချို့ဆေးဝါးများသည် ဆေးဝါးပမာ ဏတိုးမြှင့်လိုက်လျှင်လည်းကောင်း၊ အိပ် စက်ချိန်နှင့် နီးကပ်လျှင်လည်းကောင်း အိပ်စက်မှုကိုကြန့်ကြာစေသည်။
(၇) ဖျားနာမှု
ဖျားနာမှုနှင့်အခြားရောဂါ(ဥပမာ- ပန်းနာရင်ကြပ်၊ နှလုံးရော၈ါ)များသည် အိပ်စက်မှုကိုနှောက်ယှက်တတ်သည်။ အထူးသဖြင့် မိုးလင်းခါနီးတွင် မကြာခ ဏနိုးတတ်သည်။ အချို့သောအာရုံကြော ရောဂါများသည်လည်း ညအိပ်မပျော်မှု ကိုဖြစ်စေသည်။
(၈) အချိန်အပြောင်းအလဲ
ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ညမှောင် လျှင်အိပ်စက်၍ လင်းလျှင်နိုးထမှုကို အလေ့ကျမှတ်သားထားသောကြောင့် ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်ခြမ်း အပြန် အလှန်လေယာဉ်စီးခရီးသွားသူများတွင် နေ့နှင့်ညမှားကာ အိပ်မပျော်သောရော၈ါ ဖြစ်စေသည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်