ယခုအခါ ဆေးပညာလောကတွင် ပါပီလိုမာဟု ခေါ်ဆိုပြီး HPV ဟု အတို ကောက် ခေါ်ဆိုသော ရောဂါခံစားနေရ ကြောင်း သိရသည်။ အဆိုပါ ရောဂါ ခံစား စွဲကပ်ခံနေရသူ အမျိုးသမီးများသည် အခြားအမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက နှလုံးရောဂါသို့မဟုတ် လေဖြတ်ရော၈ါကို နှစ်ဆခန့် ပိုမိုခံစားရသည်ဟု ရောဂါဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ လိင်ဆက်ဆံရာမှ ကူးစက်လာသည့် HPV ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုး ၃၇ မျိုးရှိသည့်အနက်ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့်အမျိုးသမီးများတွင် နှလုံး ရောဂါဖြစ်နိုင်ခြေ ၂ .၃ ဆ ပိုမိုရှိနေသည် ကို တွေ့ရသည်။
ထို့အပြင် HPV ရောဂါ ဗိုင်းရပ်စ်မှတစ်ဆင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားနေသည့် အမျိုးသမီးများ သည် အခြားအမျိုးသမီးများနှင့် နှိုင်းယှဉ် လျှင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂ .၈၆ ဆ ခန့် ပိုမိုနေသည်ကို တွေ့ရသည်။ HPV ရောဂါနှင့် နှလုံးရောဂါမည်သို့ ဆက်စပ်မှုရှိသည်ကို ဆက်လက်သုတေ သနပြုလုပ်ရန် လိုအပ်နေသော်လည်း လောလောဆယ်တွင် HPV ကာကွယ် သည့် ထိုးဆေးကို တက္ကဆက်တက္ကသိုလ် မှ သုတေသီများက တီထွင်ထုတ်လုပ်ထား ပြီဟု သိရသည်။ ယခုတီထွင်ထုတ်လုပ်လိုက်သော HPV ကာကွယ်ဆေးသည် နှလုံးရောဂါကို လည်း ကာကွယ်ကုသနိုင်မည်ဟု ယူနိုင် တယ်ဟု ဒေါက်တာကင်ဖူဂျီဆီက ဆို သည်။ ယခုအခါ HPV ရောဂါကာကွယ် သည့် Cervarix အမည်ရှိထိုးဆေးကို ဗြိတိန်နိုင်ငံတွင် အသက် ၁၂ နှစ် ၁၃ နှစ်အရွယ်များအား ထိုးနှံပေးနေပြီဟု သိရ သည်။










0 comments:
Post a Comment