ဒန်းရှစ်
သုတေသီများက တစ် ပတ်လျှင် နှစ်ကြိမ် ထက်ပို၍ ညဆက် အချိန်ပို အလုပ်ဆင်း
ကြသော အမျိုး သမီးများတွင် ရင်သား ကင်ဆာရောဂါ ခံစား ရနိုင်ခြေ ပိုမိုမြင့်
မားနိုင်ကြောင်း တွေ့ရှိခဲ့ ကြပါတယ်။
ခေတ်သစ် လူမှု အသိုင်းအဝိုင်းထဲတွင် ညဆိုင်း အလုပ် ဆင်းကြရသော အမျိုးသမီးအရေ အတွက်မှာ ၁၀-၂၀ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ လုပ်ငန်းခွင်မှ ရရှိလာနိုင် သော ကျန်းမာရေးပြဿနာ များထဲမှ တစ်ခုဖြစ်ကြောင်း သုတေသီခေါင်း ဆောင် Johni Hansen က ပြော ကြားခဲ့ပါတယ်။ ညဘက်အလုပ်လုပ် ကြသောအခါ မီးအလင်းရောင်နှင့် ထိတွေ့ခြင်းခံရပါတယ်။ ထိုအခါ ခန္ဓာ ကိုယ်မှ ကင်ဆာကာကွယ်သည့် ည ဟော်မုန်းထွက်ရှိမှု နည်းပါးသွားပါ တယ်။ ဒါ့အပြင် ဦးနှောက်ထဲရှိ သ ဘာဝနာရီ ကမောက်ကမဖြစ်ကာ ရင် သားအပါအဝင် အင်္ဂါအစိတ်အပိုင်းများ ၏ နာရီများလည်း ထိခိုက်လာသည့် အတွက် ကလာပ်စည်းများ အထိန်း အကွပ်မဲ့ကြီးထွားလာပါတယ်။ ည ဆက် မအိပ်ဘဲ အလုပ်လုပ်ခြင်း ကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်များ လျော့ကျကာ ကင်ဆာကလာပ်စည်း များ ပိုမိုကြီးထွားလာနိုင်ကြောင်း သိရ ပါတယ်။ ထိုသို့သောအချက်များ ကြောင့် ညဘက်အလုပ်လုပ်ခြင်းဟာ လူသားများကို ကင်ဆာရောဂါဖြစ်စေ နိုင်ကြောင်း သုတေသီများက သုံးသပ် ကြပါတယ်။
ဇင်မာမြင့် Ref : Health 24
By Health Digest

0 comments:
Post a Comment