ခါးနာ၊
ခါးကိုက်ခြင်းဝေဒနာ ကို သက်သာစေရာမှာ အကိုက်အခဲ ပျောက်ဆေး များက လည်း
အထောက် အကူပြုပါတယ်။ သို့ပေမယ့် နောက်ထပ်ပေါ်လာနိုင် တဲ့အ္တရာယ် ကို လျော့ပါး
သွားစေ ဖို့ဆိုရင်တော့ ခါးနာ ခြင်း ကိုဖြစ်စေ တဲ့ ရောင်ရမ်းခြင်းကို
သက်သာလျော့ ပါးစေတဲ့ အစားအစာ များကို ပိုမိုစားသုံးဖို့တော့ လိုအပ် ပေ
လိမ့်မယ်။- ချယ်ရီသီးများ။ ။ ချယ်ရီသီး ဖျော်ရည် ၁၂ အောင်စကို တစ်နေ့ ၂ ကြိမ် ၈ ရက်ကြာ သောက်သုံးခြင်း က ကြွက်သား ကိုက်ခဲ နာကျင်ခြင်းကို လျော့ပါး သက် သာစေကြောင်း လေ့ လာမှု တစ်ခုက ပြသခဲ့တယ်။
- သံလွင်ဆီ - ဆယ်လ်မွန်ငါးသေတ္တာဘူး၊ ရေ ဒါမှမဟုတ် သံလွင်ဆီမှာ စိမ် ထားတဲ့ ဆာဒင်းငါး
- မက်ကာရယ်ငါး၊ တူနာငါး၊ သစ် ကြားသီး (ယင်းတို့က အိုမီဂါ -၃ အဆီအက်စစ် ကြွယ်ဝတဲ့ အစားအစာများ ဖြစ်တယ်)
- ပဲပိစပ်
- ဟင်းသီးဟင်းရွက်များနှင့် အရောင် မျိုးစုံရှိသော သစ်သီးဝလံများ
- အခွံမာသီး အမျိုးမျိုး
- လက်ဖက်ရည်ကြမ်း
(Green tea)
အောက်ပါ အစားအစာ များက တော့ ခါးနာဝေဒနာရှင်များ လျှော့စား ရမယ့်အစားအစာတွေ ဖြစ်ပါတယ်။
- အချို့သောဟင်းရွက်ဆီများ (ဥပမာအားဖြင့် ပြောင်းဖူးဆီ၊ နေကြာဆီ၊ ဆူးပန်းဆီ၊ ဝါစေ့ဆီ)
-မာဂျရင်း
- ပြုပြင်ထုတ်လုပ်ထားသည့် အစားအစာများ
- ပြည့်ဝဆီများတဲ့ အစားအစာများ (နို့နှင့် နို့ထွက်ပစ္စည်းပါဝင်)
- အသွင်ပြောင်းဆီ ပါဝင်သော အစားအစာများ
ဦးလှမြင့် (ဂန္ဓမာ)
By Health Digest










0 comments:
Post a Comment