အိပ်စက်ခြင်း
ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များရဲ့ပြောဆိုချက် အရအရွယ် ရောက်ပြီးသား
လူကြီးတစ်ဦး ရဲ့အိပ်ချိန်ဟာ တစ်နေ့လျှင် ၇ နာရီ ၈ နာရီခန့် ရှိသင့်
ပေမယ့်လည်း လူ တွေရဲ့သုံးပုံ တစ်ပုံခန့်က သာလျှင် ကျန်းမာရေး အတွက်
သင့်တော်တဲ့ အိပ်ချိန်တွေကိုသာ ရရှိပါတယ်။ကလေးမွေးပြီးစ မိခင်အသစ် စက်စက်၊ ဖခင်အသစ်စက်စက်တွေ ဟာ အခြားသူများထက်ပိုပြီး လုံ လောက်တဲ့အိပ်ချိန်ကို ရရှိအောင်ကြိုးစားကာမှ ကျန်းမာသော မိဘများ ဖြစ်နိုင်ကြမှာဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်ရဲ့မိခင်ဟာ အိပ်ရေးပျက် ခြင်းကြောင့် ကလေးမွေးပြီးဖြစ်တတ် တဲ့ စိတ်ကျရောဂါ၊ နို့မထွက်ခြင်း၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခြင်း၊ မွေးကင်းစကလေးငယ်ရဲ့အိပ်စက်မှု အချိန် မမှန်ကန်ခြင်းတို့ ဖြစ်တတ် ပါတယ်။
မိခင်သစ်၊ ဖခင်သစ်များ အိပ်ရေးမပျက်ဖို့ ကလေးငယ်မွေးဖွား ပြီး ရက်သတ္တပတ်အတွင်းမှာပဲ အိပ် စက်ခြင်းနှင့် ပတ်သက်ပြီး အလေ့အကျင့်များပြုလုပ်ထားရန် ကျွမ်းကျင် သူများက ညွှန်ကြားထားပါတယ်။ ကလေးငယ်ကို ချော့သိပ်တဲ့ အခါ မီးချောင်းကို လုံးဝပိတ်ပစ်လိုက် တာမျိုး၊ မီးမပိတ်ဘဲ ထားတာမျိုး မလုပ်ဘဲ အနည်းငယ်မှိန်သော မီး အလင်းရောင်အနေအထားမှာ ချော့ သိပ်ပါက ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။
ထိုအချိန်မှာ တီဗီ၊ ကွန် ပျူတာတို့ကို ပိတ်ထားရပါမယ်။ ကလေးငယ်ကို အိပ်ရာဝင်အချိန် ဇယားအတငိုး ပြုလပုေ် ဆာငရ် ကွေ် ပး ပါ။ ဆိုလိုတာကတော့ ကလေးငယ်ကို ရေချိုး၊ ညအိပ်ရာဝင်အင်္ကျီဝတ်၊ အနည်းငယ်နှိပ်နယ်ပေး၊ သားချော့ တေးလေးသီဆိုကာ အိပ်ပျော်အောင် ချော့သိပ် ဆိုတဲ့လုပ်ငန်းစဉ်ကို နေ့စဉ် ပြုလုပ်ပါများတဲ့အခါ ကလေးငယ်က ဒါဟာအိပ်ချိန်ဆိုတာသိရှိထားတဲ့အတွက် အလွယ်တကူအိပ်ပျော်သွားနိုင်မှာဖြစ် ပါတယ်။
By Health Digest










0 comments:
Post a Comment