ခန္ဓာကိုယ်ပြင်ပမှ ဘက်တီးရီးယား ပိုးတွေဟာ ဆီးအိမ်နဲ့ ခန္ဓာကိုယ်ထွက်ပေါက်ကိုဆက် သွယ် ထား တဲ့ ဆီးပိုက်အတွင်း ဝင်ရောက်တဲ့အခါမှာ ဆီးလမ်း ကြောင်း ပိုးဝင်ရောက် တတ်ပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်တာဟာ လိင်ဆက်ဆံ တာကြောင့် အဖြစ်များတတ်ပါတယ်။ လိင်ဆက်ဆံတာကြောင့် ခန္ဓာကိုယ်ပြင်ပမှ ဘက်တီးရီးယားတွေဟာ ဆီြးွပန် ထဲကို တွန်းပို့သလို ဖြစ်သွားတတ်ပါတယ်။ ဆီးလမ်း ကြောင်းပိုးဝင်တာဟာ မီးယပ်သွေးဆုံးပြီးသူတွေမှာ လည်း အဖြစ်များတတ် ပါတယ်။ အီစထရိုဂျင်အဆင့် ကျဆင်းတာကြောင့် ဆီြးွပန်နဲ့ ယောနိအတွင်းရှိ တစ်သျှူးတွေဟာ ခြောက်သွေ့လွယ်ပြီး ဘက်တီးရီး ယားပိုးဝင်ရောက်တဲ့ အန္တရာယ် ပိုများသွားတတ်လို့ပါ။ အမျိုးသမီးငါးယောက်မှာ တစ်ယောက်နှုန်းဟာ ဘဝရဲ့တစ်ချိန်ချိန်မှာ ဆီြးွပန်၊ ဆီးအိမ်၊ ဒါမှမဟုတ် ကျောက်ကပ် ထဲမှာ ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါ တယ်။ တချို့အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာ မကြာခဏဖြစ်တတ်ပါတယ်။ အမျိုးသား တွေမှာတော့ သူတို့ရဲ့ ခန္ဓာဗေဒအရ ဆီြးွပန်ရှည် နေတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်ရောက်နိုင် ခြေနည်းပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာအတွက် ပဋိဇီ ဝဆေးသောက် သုံးဖို့ လိုပါတယ်။ ဆေးဝါး စတင်အသုံးပြုတာနဲ့ တစ်ရက်မှ နှစ်ရက်အတွင်း ဝေဒနာသက်သာသွားနိုင်ပါတယ်။ အောက်ပါတို့ဟာ ဆီးလမ်းကြောင်းပိုးဝင်ရာမှာ ဖြစ်ပေါ်တဲ့ဝေဒနာ တွေ သက်သာဖို့နဲ့ ရောဂါပြန်မဖြစ်အောင် ကာ ကွယ်နိုင်တဲ့ နည်းလမ်းတွေပါ။
၁။ ရေများများသောက်ပါ
ရေများများသောက်နိုင်လေလေ၊ ဆီးများများ သွားလေလေဖြစ်ပြီး၊ မကြာခဏ ဆီးသွားတာကြောင့် ဆီးအိမ်အတွင်းမှ ဒုက္ခပေးနေတဲ့ ဘက်တီးရီးယား တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် ရေဟာ ဆီးထဲ မှ ဓာတ်ဆားပြင်းအားတွေကို ပျော့စေတာကြောင့် သင့်မှာ ရောဂါပိုးဝင်နေတဲ့အချိန်မှာလည်း ဝေဒနာ သက်သာသွားနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ဖန်ခွက် သောက်ပေးပါ။
၂။ EVIAN ရေသန့် သောက်ပါ
Evian ရေသန့်မှာBicarbonate တွေ ပါဝင်တဲ့အတွက်ကြောင့် ဆီးအိမ်အတွင်း အက်စစ် ဓာတ်တွေ လျော့စေကာ နာကျင်မှုဝေဒနာ သက်သာ စေနိုင်ပါတယ်။
၃။ အပူကပ်ပါ
ဝမ်းဗိုက်ကို ရေနွေးအိတ် ကပ်ထားတာကြောင့် နာကျင်မှုဝေဒနာ သက်သာနိုင်ပါတယ်။ တကယ်လို့ ရေနွေးအိတ် မရှိခဲ့ရင် ရေနွေးပုလင်း ကပ်ပေးနိုင်ပါ တယ်။
၎။ လိမ္မော်ရည်ရှောင်ပါ
လိမ္မော်ရည်၊ နာနတ်သီး၊ စတော်ဘယ်ရီနဲ့ ဂရိတ်ဖရုသီးတွေမှာ အက်စစ်ပါဝင်မှု များပြားပါ တယ်။ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်ရောက်နေ ချိန်မှာ အက်စစ်ဓာတ်များနေရင် ဆီးသွားစဉ် ပိုပြီး ပူစပ်ပူလောင်ဖြစ်တတ်ပါတယ်။
၅။ မုန့်ဖုတ်ဆော်ဒါ စားပါ
ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ စတွေ့ တွေ့ချင်းမှာ မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာကို ရေတစ်ဖန်ခွက်နဲ့ရောပြီး သောက် ပေးပါ။ တစ်နေ့ တစ်ခွက် ဆက်ပြီး သောက်ပေးပါ။ မုန့်ဖုတ်ဆော်ဒါကြောင့် ဆီးအိမ်အတွင်း အယ်လ် ကာလီဓာတ်ဖြစ်စေပြီး ဘက်တီးရီးယားတွေ ပွား များနိုင်စွမ်းကို လျှော့ချပေးနိုင်ပါတယ်။
၆။ ကော်ဖီ သို့မဟုတ် အရက် မသောက်ပါနှင့်
ဆီးလမ်းကြောင်းပိုးဝင်ရောက်နေစဉ်မှာ ကော်ဖီ နဲ့ အရက်ကြောင့် ဆီးသွားစဉ် နာကျင်တတ်ပါတယ်။ ကဖင်းနဲ့ အရက်ဟာ ဆီးအိမ်ြွကက်သားတွေကို လှုံ့ဆော်နိုင်တဲ့အတွက် ဆီးသွားချင်စိတ် ပိုမိုများပြား ပြီး ဆီးသွားစဉ် ဝေဒနာတွေ ခံစားရတတ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဒေါက်တာခင်မိုးမိုး
By Good Health










0 comments:
Post a Comment