ကလေးတစ်ယောက် ကြီးထွားဖွံ့ ဖြိုးမှုဖြစ်စဉ်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အလေးထားသင့်တဲ့ အချက်တစ်ခု ပါ။ ကလေးတွေက အရုပ်တွေလို တွေ့ ကရာပစ္စည်းတွေကို ကိုင်တွယ်ဆော့က စားတတ်သလို ပါးစပ်ထဲကိုလည်း ထည့် တတ်ကြပါတယ်။ ဒါကြောင့် ကူးစက်ပိုး တွေကို အလွယ်တကူရလွယ်ပြီး ဖျားနာ လွယ်ကြပါတယ်။ ဒါကြောင့် ကလေးတွေ ကို တစ်ကိုယ်ရေသန့်ရှင်းရေးရှိဖို့ လုပ် ဆောင်ပေးတဲ့အခါ အဓိက အလေးထား သင့်တဲ့ နေရာ ခြောက်နေရာရှိပါတယ်။
(၁) လက် ကလေးကို လက်ဆေးဖို့ သင်ကြား ရင်း လက်မဆေးရင် ဘယ်လိုရောဂါဘ ယတွေ ရရှိတတ်တယ်ဆိုတာ ရှင်းပြပါ။ လက်ကို ဆေးကြောပေးရင်း ဆပ်ပြာနဲ့ ရေသုံးပြီး ဘယ်လိုစင်ကြယ်အောင် ဆေး ပေးရမယ်ဆိုတာ ပြောပြပါ။ ကလေး လက်ဆေးရာမှာ စင်ကြယ်ဖို့ဆိုရင် ''Happy Birthday"သီချင်းကို နှစ်ကြိမ် လောက် ဆိုခိုင်းပြီးမှ ရပ်နားခိုင်းပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပထမ တစ်ကျော့ဆိုရာမှာ လက်တွေကို ပွတ် သပ်ခိုင်းပြီး ဒုတိယတစ်ကျော့ဆိုတဲ့အခါ လက်ဖမိုးနဲ့ လက်ချောင်းကြားတွေကို ပွတ်သပ်ပေးရပါမယ်။ တကယ်လို့ လက် သည်းကြားမှာ ရွှံတွေ၊ သဲတွေဝင်နေရင် သေချာစင်အောင်ဆေးပေးဖို့ လိုပါတယ်။
(၂) သွားနှင့် ခံတွင်း အစာကို နည်းနည်းနဲ့ မကြာခဏ စားတတ်တဲ့ကလေးတွေမှာတောင် သွား ပိုးစားနိုင်ခြေရှိပါတယ်။ ဒါကြောင့် က ဖို့နဲ့ စာြးွကင်းစားကျန်တွေ မရှိအောင် ခံ တွင်းအနှံ့တိုက်ဖို့ သင်ပေးပါ။ တကယ်လို့ သွားမတိုက်ချင်ရင် အစာစားပြီးတဲ့အခါ ပလုတ်ကျင်းပေးဖို့ သင်ပေးထားပါ။
(၃) လျှာ သွားတိုက်ပြီးတဲ့အခါတိုင်း လျှာကို ပါ တိုက်ဖို့ သင့်ကလေးကို သင်ကြားပေး သင့်ပါတယ်။ မဟုတ်ရင် လျှာဟာ စားြွကင်းစားကျန်အနည်းငယ်ကို ဖမ်းယူထား နိုင်ပါတယ်။ ကလေးငယ်တွေ သွားတိုက် ရာမှာ သုံးတဲ့ သွားပွတ်တံက လျှာကိုပါ တိုက်ဖို့ နူးညံ့ပါတယ်။
(၄) ခန္ဓာကိုယ် ရာသီဥတုအခြေအနေပေါ် မူတည် ပြီး ကလေးငယ်ကို ရေချိုးပေးသင့်တယ် လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နွေ ရာသီမှာဆိုရင် ချွေးထွက်များတာကြောင့် တစ်နေ့ နှစ်ကြိမ်လောက် ရေချိုးပေးသင့် ပါတယ်။ ရေချိုးတဲ့အခါ သူ့လက်နဲ့ မျက် နှာ၊ လက်၊ ခြေထောက်၊ ချိုင်းကြား၊ ပေါင်ခြံ၊ တင်ပါးစတဲ့ နေရာတွေကို သေ ချာပွတ်တိုက်ဖို့ ကလေးကို သင်ကြားပေး ပါ။ ကလေးအတွက် အပျော့စားဆပ်ပြာ ကိုပဲ သုံးသင့်ပြီး ရေချိုးကန်ထဲမှာ သူအ အရုပ်တွေကို ထည့်ထားပေး သင့်ပါတယ်။
(၅) နား နားဖာချေးတွေက ကလေးရဲ့နား စည်ကို အကာအကွယ်ပေးထားတဲ့ အ လွှာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးက နား ကိုက်နေတယ်လို့ ပြောရင် ကူးစက်ပိုးဝင် တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ နားစည်ထိ ခိုက်တာစတဲ့ အန္တရာယ်တွေ မဖြစ်စေဖို့ နား၊နှာခေါင်း၊ လည်ချောင်းအထူးကုထံ သွားရောက်ပြသသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့နည်းအတိုင်း သင့်ကလေးရဲ့ နားထဲက နားဖာချေးတွေကို ထုတ်ပေးပါ။
(၆) လိင်အင်္ဂါနှင့် စအို ကလေးက အသက်သုံးနှစ်ကျော် နေပြီဆိုရင် အိမ်သာတက်ပြီးတိုင်း သူ့ ဘာသာ သန့်စင်တတ်အောင် သင်ကြား ပေးပါ။ တချို့ကလေးတွေက အသက် သုံးနှစ်-လေးနှစ်အရွယ်ရောက်လာရင် သူတို့ဘာသာ သန့်စင်နိုင်လာပါပြီ။ စစ ချင်းမှာ ပိုးမွှားနဲ့ အညစ်အကြေးတွေ ကင်းအောင် ဘယ်လိုသန့်စင်ပေးရမယ် ဆိုတာ သေချာသင်ပေးပါ။
By Good Health










0 comments:
Post a Comment