ချောင်းဆိုးခြင်းဟာ အကြောင်းအ မျိုးမျိုးကြောင့်ဖြစ် တတ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ တစ်ခု ပဲဖြစ်ပါတယ်။ တခြားရောဂါတွေကြောင့် မဟုတ်ဘဲ ပုံမှန် အအေး မိတာကြောင့် ဆိုရင်တော့ အိမ် တွင်းကုထုံးလေးတွေက ဘေးထွက်ဆိုးကျိုး နည်းပြီး ဓာတ်မတည့်မှုလည်း ကင်းပါတယ်။
ချောင်းဆိုးလို့ အစာမစားချင်ရင်
ပျားရည်မှာ သဘာဝဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေပါဝင်ပြီး၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သဘာဝ ပိုးသတ် ဆေးတစ်မျိုး ပဲဖြစ်ပါတယ်။ ချောင်း ခြောက်ဆိုးတာနဲ့ လည်ချောင်းနေရာမှာ မအီမသာဖြစ်တာတွေအတွက် ပျားရည် က အကျိုးရှိပါတယ်။ ချင်းမှာ ဘက်တီး ရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အ စွမ်းတွေရှိပါတယ်။ ချင်းတစ်လက်မရဲ့ တစ်ဝက်စာကို နုပ်နုပ်စဉ်းပြီး ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ရောကာ တစ်နေ့နှစ်ကြိမ်သောက်ပါ။ သောက်ပြီး ပြီးချင်း အစာမစားပါနဲ့။ နာရီဝက်ကြာမှ စားပါ။ အစာစားချင်စိတ်ဖြစ်ပေါ်လာနိုင် ပါတယ်။
ချောင်းဆိုးလို့ ညဘက်အိပ်မပျော်ရင်
သံပရာသီးမှာ ဗီတာမင်စီတွေ ပိုမို ပါဝင်ပြီး ခုခံအားစနစ်ကို ကောင်းစေ ကာ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။ ချောင်းဆိုးတာကြောင့် ည ဘက်ကောင်းစွာအိပ်မပျော်ဘူးဆိုရင် သံပ ရာရည်လက်ဖက်ရည်တစ်ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်တစ်ဇွန်းရောကာ သောက်ပြီး အိပ်ရာဝင်လိုက်ပါ။ ချောင်းဆိုးသက်သာပြီး ညဘက်ကောင်းစွာ အိပ်ပျော်ပါလိမ့်မယ်။
ချောင်းဆိုးလို့ စွမ်းအင်မရှိသလို ခံစားနေရရင်
နွားနို့တစ်ခွက်ကို နနွင်းမှုန့် လက် ဖက်ရည်ဇွန်း လေးပုံတစ်ပုံနဲ့ရောပြီး တစ် ညကိုတစ်ခွက်သောက်ပါ။ ဟာဘယ် တက္ကသိုလ်ရဲ့လေ့လာမှုအရ နနွင်းမှုန့်မှာ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်း နဲ့ ကာကွယ်နိုင်တဲ့အာနိသင်တွေရှိပါ တယ်။ နို့က စွမ်းအင်တွေကို ပြန်လည်ရ ရှိစေတာကြောင့် ရောစပ်ပြီး သောက် မယ်ဆိုရင် စွမ်းအင်တွေ ပြန်လည်ရရှိစေ ကာ ချောင်းဆိုးသက်သာစေသလို ည ဘက်လည်းကောင်းစွာ အိပ်ပျော်မှာပါ။
ချောင်းဆိုးခြင်းကြောင့် အာခေါင်ခြောက်သလို ခံစားနေရရင်
ချောင်းဆိုးတာကြာလာရင် လည် ချောင်းတွေ ခြောက်သွေ့သလိုခံစားရ တတ်ပါတယ်။ ဒါကို သက်သာချင်တယ် ဆိုရင် ဗာဒံစေ့သုံးစေ့လောက်ကို ကြေ ညက်အောင် ဝါးစားလိုက်ပါ။ ဗာဒံစေ့မှာ ထုံးဓာတ်၊ သံဓာတ်၊ သတ္တုဓာတ်၊ ကော့ ပါးနဲ့ ဗီတာမင်အီးတွေပါတဲ့ သဘာဝ အာဟာရတစ်မျိုးလည်း ဖြစ်ပါတယ်။ လည်ချောင်းရှင်းပြီး ချောင်းဆိုးသက်သာအောင် ပင်စိမ်းရွက်၊ ကွမ်းရွက်နဲ့ လက်ဖက် ရည်ကြမ်းတို့က သက်သာစေပါတယ်။ ပင်စိမ်းရွက်ရှစ်ရွက်လောက်ကို ရေနွေး ဖြောပြီး တစ်နေ့တစ်ခွက်သောက်နိုင်ပါ တယ်။ ကွမ်းရွက်နှစ်ရွက်လောက်ကို ရေ သေချာဆေးပြီး ထမင်းမစားခင် ဝါးစား လိုက်ပါ။ လည်ချောင်းရှင်းသွားပါလိမ့် မယ်။ အရည်ညှစ်ပြီးလည်း သောက်လို့ ရပါတယ်။ ကွမ်းရွက်ကို နွမ်းအောင်ပြု လုပ်ပြီး လည်ချောင်းတစ်လျှောက်ကပ် ပေးရင်လည်း လည်ချောင်းယားတာကို သက်သာစေပါတယ်။ ရေနွေးပူပူလေးကို လည်ချောင်းယားနေချိန်မှာ မှုတ်ပြီး သောက်ပေးပါ။ လည်ချောင်းရှင်းသွား စေပါတယ။်
By Good Health










0 comments:
Post a Comment