ပေါင်မုန့်ဖြူလျင်မြန်စွာ အစာကြေ ညက်စေ သော ကာဗို ဟိုက်ဒြိတ်နှင့် ပြည့်ဝဆီ မြောက်မြားစွာ ပါဝင်သည့် ပေါင်မုန့် အဖြူကဲ့သို့သော အစားအစာများက နောင်တွင် အယ်လ်ဇိုင်းမားသတိမေ့ ရောဂါ ဖြစ်ပွားရန် အခွင့်အလမ်း ပို များစေကြောင်း မကြာသေးမီက လေ့ လာမှုက ပြဆိုထားပါတယ်။
အမျိုးသမီးငယ်များ သားအိမ်ခေါင်း ကင်ဆာရှိ၊ မရှိ စစ်ဆေးခြင်း
ံHuman Papilloma Virus အမျိုးအစားအချို့ဟာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေတာ မှန်သော်လည်း အသက် ၃၀ အောက် အမျိုးသမီးများ အား သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိ စမ်းသပ်စစ်ဆေးနည်း HPV Screening မလုပ်သင့်ကြောင်း သိရပါတယ်။ သို့သော်လည်း လေ့လာမှုတစ်ခုတွင် ပါဝင်သော ဆရာဝန်များ၏ ၆၀ ရာခိုင် နှုန်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် HPV စစ်ဆေးစမ်းသပ်မှုကိုလုပ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ရလဒ်ကတော့ အဲဒီအသက်အရွယ်အုပ်စုဟာ မလို အပ်ဘဲ ကုသမှုများ ပေးခြင်းခံနေရ တယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ အမျိုးသမီးအများစုတွင် အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံနေရတတ်ပါတယ်။ သို့သော် သူ့ဘာသာ သူ ပျောက်သွား လေ့ရှိပါတယ်။

အဆီကျဆေး သောက်သုံးမှုပမာဏ များလွန်းခြင်း
Simvastatin ကဲ့သို့သော အဆီကျဆေးပမာဏ များပြားစွာ သောက်သုံးခြင်းသည်ြွကက်သားများကို အ္တရာယ်ပေးနိုင်သည့် ပျက်စီးမှု ဖြစ်နိုင်သောကြောင့် များစွာမသောက်သင့်ကြောင်း အမေရိကန်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က သတိပေးထားပါတယ်။

0 comments:
Post a Comment