www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကျန်းမာရေးအတွက် ဆောင်ရန်များ


(၁) လက်ဖက်ရည် (Green Tea) သောက်ပေးပါ
တစ်နေ့လျှင် Green Tea နှစ်ခွက်နှင့် အထက် သောက်သူများ တွင် စုစုပေါင်း ကိုလက် စထရောလ် ရော ဆိုးသော ကိုလက်စထရောလ် ပါကျဆင်းစေကြောင်း လေ့လာမှုက ပြခဲ့ပါတယ်။
(၂) ပန်းသီးနှင့် ပဲ
ပျော်ဝင်နိုင်သော အမျှင်ဓာတ် ပါသည့် သစ်သီးဝလံများ(ဥပမာပန်း သီး)၊ ပဲများ၊ အုတ်ဂျုံစသည်တို့ကို စားသူများအား ငါးနှစ်ကျော် လေ့လာမှုအရ ဝမ်းဗိုက် အဆီလျော့ ကျစေကြောင်း တွေ့ခဲ့ရပါတယ်။ ဝမ်းဗိုက်အဆီထူခြင်းသည် ကျန်းမာ ရေးအတွက် အန္တရာယ်ရှိပါတယ်။
(၃) လက်ဆေးပါ
ရုံးသုံးပရိဘောဂများကို သုတ် လိမ်းလေ့ရှိသည့် PBDEs ခေါ် ဓာတု ပစ္စည်းသုံးစွဲခြင်းကို အမေရိကန်ပြည် ထောင်စုနှင့် ဥရောပတိုက်တို့တွင် ဆန့်ကျင်မှုများ ရင်ဆိုင်နေကြရပါ တယ်။ ၄င်းဓာတုပစ္စည်းများက ကျန်း မာရေးပြဿနာ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနပြုလုပ်ချက် များအရ ရုံးဝန်ထမ်းအလုပ်သမားများ သည် တစ်နေ့လျှင် ၄ ကြိမ်ခန့် လက် ဆေးပါက ထိုအကြိမ်အရေအတွက် လောက် မဆေးသောသူများထက် သွေးထဲတွင် PBDE တွေ့ရှိမှု နည်းပါး ကြောင်း တွေ့ရှိရပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်