လင်မယားနှစ်ယောက်ဟာ ရိုးရာပါတီပွဲတခုကိုတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတယ်။
အဲဒီရိုးရာပွဲက ဝတ်ရုံကြီးတွေဝတ်၊ မျက်နှာဖုံးတွတပ်ပြီး ဆင်နွဲရတာ။
သွားတော့မယ်လုပ်မှ မိန်းမဖြစ်သူဟာ အကြီးအကျယ်ခေါင်းကိုက်လာတယ်။
ဒါနဲ့ သူ့ယောက်ျားကို တယောက်ထဲသွားဖို့ ပြောလိုက်တယ်။
သူ့ကိုသိပ်ချစ်တဲ့
ယောက်ျားက နေမကောင်းဖြစ်နေတဲ့ မိန်းမကိုထားပြီး မသွားလိုကြောင်း၊ သွားလည်း
မိန်းမ မပါတဲ့အတွက်ပျော်မှာမဟုတ်ကြောင်း ပြောပြီးညင်းတယ်။
မိန်းမကလည်း
စိတ်ပူစရာမလိုကြောင်း၊ ဆေးသောက်ပြီး အိပ်လိုက်ရင်
သက်သာသွားမှာဖြစ်ကြောင်း၊ ဖိတ်ကြားထားသူတွေကို
အားနာဖို့ကောင်းကြောင်းပြောပြီး အတင်းသွားဖို့ကို တိုက်တွန်းတယ်။
ဒီတော့ယောက်ျားဖြစ်သူလည်း သူ့ဝတ်ရုံကိုယူပြီး မသွားချင်သွားချင်နဲ့ ထွက်သွားရှာတယ်။
မိန်းမလည်း ဆေးသောက်ပြီး အိပ်ပျော်သွားလိုက်တာ တနာရီလောက်ကြာတော့ နိုးလားတယ်။ ခေါင်းထဲမှာလဲ ကြည်ကြည်လင်လင်နဲ့။
အချိန်ကြည့်လိုက်တော့လည်း စောနေသေးတာနဲ့ ပါတီပွဲံကိုလိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
သူမှန်းမသိအောင် သူ့ယောက်ျား မသိတဲ့ ဝတ်ရုံကိုဝတ်ပြီး ပါတီပွဲမှာ သူ့ယောက်ျားဘာတွေလုပ်လဲဆိုတာ သိအောင်လုပ်ဖို့ စိတ်ကူးရလိုက်တယ်။
ပါတီပွဲကိုရောက်တော့ သူမလဲ ဝတ်ရုံကိုဝတ်၊ မျက်နှာဖုံးကိုတပ်ပြီး ဝင်ရောက်ဆင်နွဲလိုက်တယ်။
သူ့ယောက်ျားကိုရှာကြည့်တော့...အမ်မယ်...ကိုယ်တော်ချောက ကောင်မလေးတွေ တယောက်ပြီးတယောက်နဲ့ တွဲကနေတာပါလား။
မသိမသာ သူ့အနားကပ်သွားလိုက်ပြီး သူနဲ့တွဲကနိုင်ဖို့ ကျိုးစားလိုက်တယ်။
ကိုယ်တော်ချောကလည်း နောက်မှ ရောက်လာတဲ့ အသစ်ကလေးကို သူ့မိန်းမမှန်းမသိဘဲ မမောနိုင်မပန်းနိုင် ဧည့်ခံပြီးတွဲကလို့ ။
ခဏလောက်ကြာတော့ သူက သူမကို တိုးတိုးလေးပြောပြီး တခုခု ကိုတောင်းဆိုလာပါတယ်။
သူမကလဲ သဘောတူလိုက်တယ်။
နှစ်ယောက်သားအပြင်ကိုထွက်လာပြီး မှောင်ရိပ်မှာ ရပ်ထားတဲ့ ကားပေါ်တက်လို့ ချစ်ခန်းဖွင့်လိုက်ကြတာ ချစ်ခရီးဆုံးတောင်ဆိုက်ခဲ့တာပေါ့။
ကိစ္စဝိစ္စပြီးလို့ ကပွဲထဲပြန်ဝင်ပြီး ဟန်မပျက် ပြန်က နေလိုက်ကြတယ်။
ည ၁၂၊ မျက်နှာဖုံးတွေ ချွတ်ချိန်မတိုင်မှီမှာ မိန်းမဖြစ်သူဟာ ကပွဲကနေ အသာလစ်ထွက်ပြီး အိမ်ကိုပြန်လာ ခဲ့တယ်။
ဝတ်ရုံကိုယောက်ျားမမြင်တဲ့နေရာမှာ ဖွက်ပြီး အိပ်ရာပေါ်မှာ စာဖတ်ရင်း ယောက်ျားပြန်အလာကိုစောင့်နေလိုက်တယ်။
ကိုယ်တော်ချောပြန်လာတော့ ဘာတွေများဖြီးဖြန်းမလဲ သိချင်တာနဲ့ မေးကြည့်လိုက်တယ်... ...
"ဘယ့်နှယ့်လဲ မောင်၊ ဘာတွေထူးလဲ"
"အရင်အတိုင်းပါဘဲ ကွာ..."
"ပျော်ရော ပျော်ခဲ့ရဲ့လား"
"ချစ်လေးမှ မပါတာ၊ ဘယ်ပျော်ပါ့မလဲ..."
"က ရော ကခဲ့သေးလား"
"က ခဲ့ပါဘူး ချစ်ရယ်"
"တကယ်ပြောတာလား"
"တကယ်ပြောတာချစ်ရဲ့၊
ဟို ကိုရောက်တော့ ဂျွန်တို့၊ မိုက်ကယ်တို့နဲ့တွေ့တော့ အဖော်ကောင်းတာနဲ့
သီးသန့်ခန်းတခန်းမှာ တချိန်လုံး ဖဲရိုက်နေကြတာ၊ မောင့် ဝတ်ရုံကို
ငှားသွားတဲ့ ဂျွန်နဲ့ပါလာတဲ့ကောင်ကတော့ တော်တော်ပျော်ခဲ့တယ် လို့ပြောတယ်"
"ရှင်..ဟင်..ဟင်..ငှင်".....
0 comments:
Post a Comment