အချစ်ဆိုတာက
တယောက်ခြင်းဆီလို
သတ်သတ်မှတ်မှတ်နာမည်တခုတည်းမဟုတ်ဘူး..။
မူးယစ်စေတယ်
ဒီတော့….အချစ်က ဟီရိုးအင်း….။
စူးနင့်စေတယ်
ဒီတော့ ဆူးတချောင်း။
ထိရှစေတယ်
ဒီတော့ ဓားတလက်….။
ပြင်းရှမှုရသကိုပေးတယ်
ဒီတော့ ၀ိုင်တခွက်…………
ဒါပေမယ့်
ရင်ကိုအေးမြစေတတ်တဲ့ စမ်းရေတပေါက်တော့
သူ……….မဟုတ်ခဲ့ပါဘူး။
0 comments:
Post a Comment