www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

တုပ်ကွေးရောဂါ.....


တုပ်ကွေးဆိုတာ ဘာလဲ
လူအများ သိထားကြတဲ့ တုပ် ကွေးရောဂါကို ဆေးပညာ မှာတော့ အင်ဖလူယန်ဇာ(Influenza) သို့ မဟုတ် ဖလူး(Flu) လို့ခေါ်ဆိုပါတယ်။ အမှန်တော့ တုပ်ကွေးရောဂါဟာ အဖြစ်များလေ့ရှိတဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီတုပ်ကွေးရောဂါပိုးဟာ သင့်ရဲ့ အသက်ရှူလမ်းကြောင်းစနစ် တစ်ခုလုံး (ဥပမာ- လေပြွန်များ၊ လေ ပြွန်အိုး၊ အဆုတ်)ကို ဒုက္ခပေးပါတယ်။ ဒါကြောင့် သာမန်အအေးမိရောဂါနှင့် နှိုင်းယှဉ်ရင် တုပ်ကွေးမိတဲ့အခါ ဝေဒနာ တော်တော်ခံစားရတာကို တွေ့ရပါ တယ်။ တစ်ခါတလေ ပြင်းထန်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးမျိုးဆိုရင် အသက် အ္တရာယ်တောင် ပေးနိုင်ပါတယ်။ ဥပမာ-ဟိုတလောတုန်းက အတော် ဒုက္ခပေးပြီး ဂြိုဟ်မွှေသွားတဲ့ H1N1 ခေါ်Influenza A ကို ပြန်စဉ်းစား ကြည့်လိုက်ပါ။
ဘာတွေက တုပ်ကွေးရောဂါ ဖြစ်ပွားစေတာလဲ
တုပ်ကွေးဗိုင်းရပ်စ်ပိုး အမျိုးအစား များစွာရှိပါတယ်။ အမျိုးအစား Type A ၊ အမျိုးအစားType B နဲ့ အမျိုး အစားType C ဆိုပြီးရှိပါတယ်။Type A ဟာ အပြင်းထန် အဆိုးဝါးဆုံး တုပ် ကွေးဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ အမြဲပင် ဗီဇပြောင်းလဲနေတတ်ပါတယ်။ လူသား တွေကတော့ ဗီဇပြောင်းလဲနေတဲ့ ဗိုင်း ရပ်စ်ပိုးတွေ နားခိုဖို့၊ အားမွေးဖို့ လက်ခံရာဌာနအိမ်ကြီး တစ်ခုလို ဖြစ် နေရပါတယ်။ လူသားတွေတင်မကပါဘူး အ ခြား တိရစ္ဆာန်တွေဟာလည်း တုပ် ကွေးဗိုင်းရပ်စ်ပိုးတွေ နားခိုရာနေရာဖြစ် နေတာပေါ့။ ဥပမာ-ကြက်တွေ၊ ငှက် တွေ၊ ဝက်တွေပေါ့။
တုပ်ကွေးမိရင်ဘယ်လိုရောဂါ ဝေဒနာတွေ ခံစားရပါသလဲ
- အဖျားဆက်တိုက် တက်လာခြင်း - ခေါင်းတအားထိုးကိုက်ခြင်း - တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ ပြီး ကိုယ်လက်မအီမသာဖြစ်ခြင်း - ချောင်းခြောက် ပြင်းထန်စွာ ဆိုးခြင်း (သလိပ်မပါ) - တစ်ကိုယ်လုံးနုံးခွေနေခြင်း - နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ နှာချေ ခြင်း - လည်ချောင်းနာခြင်းတို့ ဖြစ်ပါတယ်။
တုပ်ကွေးရောဂါဖြစ်ပွားရင် ဘယ်လိုကုသမလဲ
- ယခုအခါ ဗိုင်းရပ်စ်ပိုးသတ်ဆေး Antiviral Drugs များ ထွက်ပေါ်လာ ပြီဖြစ်ပါတယ်။ ဥပမာ Zanamivir သို့မဟုတ် Oseltamivir တို့ဖြစ်ပါတယ်။ တုပ်ကွေးဖျားပြီး ၄၈ နာရီ အတွင်း ဤဆေးများသောက်ပါက အဖျားရက်မကြာတော့ဘဲရက်အနည်း ငယ်အတွင်း သက်သာသွားပါလိမ့် မယ်။ လိုအပ်လျှင် မိသားစုဆရာဝန် နှင့် ပြသတိုင်ပင်ပါ။အခြားပြုစုရန်မှာ - - အနားယူပါ။ - ရေများများသောက်ပါ။ - လတ်လတ်ဆတ်ဆတ် သစ်သီး ဖျော်ရည်သောက်ပါ။ နာလန်ပြန်ထ လာပါလိမ့်မယ်။
တုပ်ကွေး မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ
-တုပ်ကွေးရောဂါ ကာကွယ်ဆေး နှစ်စဉ် ထိုးနိုင်ပါတယ်။ - တစ်ကိုယ်ရေ ကျန်းမာရေး အထူးဂရုစိုက်ပါ။ - လူထူထပ်တဲ့နေရာများကို မသွား သင့်ပါ။ - အပြင်မှ ပြန်လာပြီးရင် လက်ကို ဆပ်ပြာနှင့် သေချာဆေးကြောပါ။ - အများသုံးပစ္စည်းများ၊ ဥပမာ- ဘတ်စ်ကားလက်ကိုင်၊ အိမ်သာတံခါး လက်ကိုင်၊ ဖုန်းတို့ကို လက်ဖြင့်ကိုင်ပြီး ပါက နှာခေါင်း၊ ပါးစပ်စသည်တို့အား မပွတ်ပါနှင့်။ လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်