(၁) ရုံးခန်းနှင့် အိမ်ခန်းကို သန့်ရှင်းသပ် ရပ်အောင် ထားပါ။သန့်ရှင်းသပ် ရပ်တဲ့ ရုံးခန်းနှင့်အိမ်က စိတ်ညစ်နွမ်းမှု ကိုဖျောက် ဖျက်ပစ်နိုင်ပါတယ်။ အမျိုး သားနှင့် အမျိုးသမီး အများအပြားအတွက် အိမ် သန့်ရှင်းရေး လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှု (Stress)နှင့် စိုးရိမ်မှု (Anxiety) ကို တကယ်ကို လျော့ပါး စေနိုင်ကြောင်းစိတ် ပညာရှင်တို့က တွေ့ရှိထားပါတယ်။
(၂)ပေါ့ပေါ့ပါးပါး အဝတ်အစားကို ပြောင်းလဲ ဝတ်ဆင်ပါ။
အလုပ်ပြီးလို့ အိမ်ပြန်ရောက်တာနှင့် သက်သောင့် သက်သာရှိမယ့် အဝတ်အစားမျိုးကို ပြောင်းလဲ ဝတ်ဆင်လိုက်ပါ။ အိမ်မှာနေ တဲ့အခါ ပေါ့ပါးတဲ့ အဝတ်အစားကို ပြောင်း လိုက်ခြင်းက သင့်ကို လုပ်ငန်း ဝန်းကျင်စိတ်ဖိစီးမှုများမှ စိတ်သဘော အရ အကြီးအကျယ်ခွဲခြားပေးလိုက် တာပဲဖြစ်တယ်။ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားစေတယ်။
(၃) အိမ်အလုပ်ခွဲဝေလုပ်ဆောင်ပါ။
ချက်ပြုတ်ခြင်း၊ အိမ်သန့်ရှင်းရေး မှသည်ကလေးပြုစုစောင့်ရှောက်ခြင်း စတဲ့ အိမ်မှုကိစ္စအထွေထွေကို မိသားစု ဝင်များက ခွဲဝေလုပ်ဆောင်ပါ။ ယင်း တာဝန် ခွဲဝေဇယားကို ရေခဲ သေတ္တာ ပေါ် သို့မဟုတ် မြင်သာတဲ့ နေရာမှာ ကပ်ထားပါ။ ဒါမှကိုယ် တစ်ယောက် တည်း အိမ်မှုကိစ္စတွေကို သိမ်းကျုံး လုပ်ရတဲ့ စိတ်ဖိစီးမှုများကို အများကြီး လျော့နည်းစေမှာ ဖြစ်တယ်။
(၄) စံနှုန်းသတ်မှတ်ချက်ကို အတင်းအကျပ် မသတ်မှတ်ထားပါနှင့်။
အိမ်သန့် ရှင်းရေးလုပ်ရာမှာ သင့်စံနှုန်းများကို အလျှော့အတင်းလုပ်ဖို့ ဆန္ဒရှိပါ။ ကြမ်းပြင်ပေါ်မှာ ထမင်းစားလို့ရအောင် ပြောင်လက်နေစရာ မလိုအပ်ပါဘူး။ စံနှုန်းများကို တဖြည်းဖြည်းလျှော့ချ ခြင်းက စိတ်ဖိစီးမှုတစ်ပုံကြီးကို ဖယ် ရှားပစ်နိုင်ပါတယ်။










0 comments:
Post a Comment