ဗိုက်ခွဲ ကာမွေးဖွားသော ကလေး များသည် ပုံမှန်အတိုင်း မွေးဖွားသော ကလေးများ ထက် အသက်သုံးနှစ် အရွယ် သို့ အရောက်၌ အဝလွန်နိုင်ခြေ နှစ်ဆ ပိုမို များပြားကြောင်း လေ့လာ ချက်အသစ် တစ်ရပ်အရ သိရသည်။
အမေရိကန်ပြည် ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ ဆေးရုံများသို့ တက်ရောက်ခဲ့သည့် မိခင် နှင့် ကလေးအတွဲပေါင်း ၁၂၅၀ ကျော်ကို ၁၉၉၉ ခုနှစ်နှင့် ၂၀ဝ၂ ခုနှစ်အကြား လေ့လာခဲ့ခြင်းဖြစ်သည်။ ဆေးရုံသို့ တက် ရောက်ခဲ့သည့် မိခင်များအားလုံးသည် ၄င်းတို့၏ ကိုယ်ဝန် ၂၂ ပတ်၌ တက် ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသည် ဗိုက်ခွဲကာ မွေးဖွားခဲ့ကြသည်။ ကျန်ရှိ သည့် ၇၅ ရာခိုင်နှုန်းမှာ ပုံမှန်အတိုင်း မွေးဖွားခဲ့ခြင်းဖြစ်သည်။ မွေးဖွားလာ သည့်ကလေးများကို မွေးဖွားစဉ်က တစ် ကြိမ်၊ ခြောက်လသားအရွယ်၌ တစ်ကြိမ်၊ သုံးနှစ်အရွယ်၌ တစ်ကြိမ် ကိုယ်အလေး ချိန်တိုင်းခြင်းများကို ပြုလုပ်ခဲ့သည်။
ဗိုက်ခွဲ ကာမွေးဖွား ခဲ့သည့် ကလေးများ၏ ပျမ်းမျှအလေးချိန်သည် ပုံမှန်အတိုင်း မွေးဖွားသောကလေးများထက် များစွာ ပိုမိုနေသည်ကို တွေ့ရှိရသည်။ ဗိုက်ခွဲကာ မွေးဖွားခဲ့ကြသည့် ကလေးများသည် အသက်သုံးနှစ်အရွယ်၌ တိုင်းတာခဲ့ရာ တွင် အရေပြားအထူမှာလည်း ပိုမို ကြောင်း တွေ့ရှိရသည်။ ဗိုက်ခွဲ ကာ မွေးဖွား ခဲ့သည့် ကလေးများတွင် Firmicutes ဘက်တီးရီးယားများ ပမာဏ များပြားစွာတွေ့ရှိရပြီး အရွယ်ရောက်ပြီး သား အဝလွန်သူများ၌လည်း အဆိုပါ ဘက်တီးရီးယား ပိုမိုများပြားစွာ တွေ့ရှိရ သည်ဟုဆိုသည်။ ၄င်းတို့သည် အစာအူ လမ်းကြောင်း၌ နေထိုင်သော ဘက်တီးရီး ယားများဖြစ်ပြီး အဆိုပါ ဘက်တီးရီးယား များကြောင့် အစာမှနေ၍ စွမ်း အင်ထုတ် ယူမှုများပြားခြင်း၊ အင်ဆူလင်ကို ခုခံအား တိုးတက်အောင် ဆဲလ်များကို လှုံ့ဆော် ပေးခြင်း၊ ရောင်ရမ်းခြင်းနှင့် အဆီများစု အောင် လှုံ့ဆော်မှုများ ဖြစ်ပေါ်သော ကြောင့် အဝလွန်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။
By Good Health










0 comments:
Post a Comment