ရင်သားကင်ဆာ ရော၈ါဖြစ်ပွားသူများ အတွက် နောက်ဆုံး တွေ့ရှိရသော ကုသ နည်း တစ်ရပ်မှာ ဓာတုဗေဒ ဆိုင်ရာ ဆေးဝါး များကို နို့သီးခေါင်း မှ တစ်ဆင့် ထိုးသွင်း ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကုသ ခြင်းသည် ရင်သားကင်ဆာကို ကုသရာ တွင် ပိုမိုထိရောက်မှုရှိကြောင်း ဖီလာဒဲလ် ဖီးဟားမြို့၊ ဂျက်ယာဆန်တက္ကသိုလ်မှ သုတေသီများက တွေ့ရှိဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သုတေသီများ၏ စမ်းသပ်ချက်အရ ရင်သားကင်ဆာဖြစ်ပွားသူ ၃ ဦးဟာ နို့သီး ခေါင်းမှတစ်ဆင့် ဓာတုဆေးဝါးများထိုး သွင်းခြင်းနှင့် အခြားလူနာ ၃ ဦးအား အကြောမှ ထိုးသွင်းပေးခြင်းပြုလုပ်ခဲ့ရာ နို့သီးခေါင်း ထိုးသွင်းကုသသူတို့မှာ ဆေး အာနိသင်ပိုမိုထိရောက်မှုရှိကြောင်း သိရ သည်။
ဓာတုဆေးဝါးများအား နို့သီးခေါင်းမှ ထိုးသွင်းရာတွင် နို့ရည်လမ်းကြောင်းတစ် လျှောက်ရှိ ဆဲလ်များအတွင်း ဝင်ရောက် ကာ ကင်ဆာဖြစ်ပွားနေရာ အကျိတ်အဖု ဆီ အမြန်ဆုံးရောက်ရှိပျံ့နှံ့သဖြင့် ဆေး အာနိသင် ပိုမိုထိရောက်ကြောင်း လေ့လာ တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ရင်သားကင်ဆာရော၈ါ ဝေဒနာရှင်များအား သမားရိုးကျဆေးသွင်း ကုသခြင်းထက် နို့သီးခေါင်းမှ ဆေးသွင်း ကုသခြင်းက ရော၈ါပိုမိုလျင်မြန်စွာ ပျောက်ကင်းနိုင်ဖွယ်ရာရှိကြောင်း သုတေ သီများက ဆိုကြသည်။










0 comments:
Post a Comment