နေ့စဉ်
အက်စပရင်တစ်ပြား သောက် သုံးတာကြောင့် အရေပြား ကင်ဆာကို
ကာကွယ်နိုင်ကြောင်း ကျွမ်းကျင်သူတချို့ က ယုံကြည်ကြပါတယ်။ အက်စ ပရင် ဆေးဝါး
ဒါမှမဟုတ် အကိုက်အခဲပျောက် ဆေးကို ပုံမှန်သောက်သုံး သူတွေဟာ အပြင်းထန်ဆုံး
အမျိုးအစားဖြစ်တဲ့ Malignant Melanoma အပါအဝင် အရေပြား ကင်ဆာရောဂါ
ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း သုတေသီတွေက
အကြံပြုထားပါတယ်။ သုတေသီတွေက အရေပြား ကင်ဆာ ရောဂါရှိသူ ၁၈၀ဝ၀ အပါ အဝင်
လူပေါင်း ၂၀ဝ၀ဝ၀ ကျော် ကို လေ့လာမှုပြုလုပ်ခဲ့ ပါတယ်။သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတိုင်းရဲ့ စတီးရွိုက် မပါဝင်တဲ့ အ ကိုက်အခဲ ပျောက်ဆေး (ဥပမာ - အက်စ ပရင်၊ အိုင်ဗျူပရိုဖင်) အသုံးပြုမှုကို ရှစ်နှစ် ကျော် လေ့လာခဲ့ပါတယ်။ အများစုဟာ နှလုံးရောဂါအခြေအနေ ဒါမှမဟုတ် အ ဆစ်ရောင်ရောဂါကြောင့် အကိုက်အခဲ ပျောက်ဆေးဝါး အသုံးပြုသူတွေ ဖြစ်ကြ ပါတယ်။ အကိုက်အခဲပျောက် ဆေးဝါး တွေကို မကြာခဏ အသုံးပြုရသူတွေ ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ နည်း ပါးကြပါတယ်။ ဆေးသုံးရတဲ့ပမာဏ မြင့် မားလေလေနဲ့ ဆေးသုံးရချိန် ကြာရှည် လေလေ ကာကွယ်နိုင်စွမ်း ပိုများလေလေ ဆိုတာကို တွေ့ခဲ့ပါတယ်။ စတီးရွိုက် မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးဝါး ကို အသုံးရများသူတွေဟာ အသုံးနည်းသူ တွေထက် Squamous Cell Carcinoma ဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း လျော့ နည်းပြီး Malignant Melanoma ဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့နည်း ကြောင်း တွေ့ရှိခဲ့ပါတယ်။ Basil Cell Carcinoma အမျိုးအစား ဖြစ်နိုင်ခြေကိုမူ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။ ဒေါက်တာ ခင်မိုးမိုး
By Good Health










0 comments:
Post a Comment