နုပျိုမှုအတွက်
အဓိကထုတ်လုပ် ထားတဲ့ အလှပြင် ပစ္စည်းတွေ ဝယ်ယူရာ မှာ ဓာတု ပစ္စည်းတွေနဲ့
ပေါင်းစပ်ထုတ် လုပ်ထားတာတွေ ဝယ်ယူမယ့် အစား သ ဘာဝကနေ ရတဲ့ ပါဝင်
ပစ္စည်းတွေနဲ့ ထုတ် လုပ်ထားတာတွေကို ရွေးချယ်ဝယ်ယူ သင့်ပါတယ်။
နုပျိုလှပမှုအတွက် အလှ ပြင်ပစ္စည်းရွေးချယ်ဝယ်ယူရာမှာ ဘယ်လို သဘာဝ
ပါဝင်ပစ္စည်း ပါဝင်တာတွေကို ရွေးချယ် သင့်သလဲဆိုတာ သိရှိစေဖို့ ရေး
သားလိုက်ပါတယ်။၁) စပျစ်သီးပါဝင်သော အလှပြင်ပစ္စည်း အင်တီအောက်ဆီးဒင့်တွေက ခန္ဓာ ကိုယ်မှာ အိုမင်းရင့်ရော်မှုဖြစ်စေတဲ့ ဓာတ် တိုးဖြစ်စဉ်တွေကို နှေးကွေးစေပါတယ်။ ပတ်ဝန်း ကျင်မှာ ရှိတဲ့ ညစ်ညမ်းမှုတွေ၊ ဆေးလိပ်ငွေ့တွေနဲ့ နေရောင်ခြည်နဲ့ အ လွန်အမင်းထိတွေ့မှုတွေက သင့်အလှတ ရားကို ဖျက်ဆီးတာကြောင့် အိုမင်းရင့် ရော်စေပါတယ်။ စပျစ်သီးမှာ သဘာဝအ တိုင်းရရှိနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ နုပျိုလှပဖို့အတွက် စပျစ်သီးပါဝင်တဲ့ အလှပြင် ပစ္စည်းတွေကို ရွေးချယ် သုံးစွဲပါ။
၂) လက်ဖက်ပါဝင်သော အလှပြင်ပစ္စည်း လက်ဖက်မှာပါဝင်တဲ့ အင်တီ အောက်ဆီးဒင့်တွေက ဇရာကြောင့်ဖြစ် ပေါ်လာတဲ့အရေးကြောင်းတွေကို လျော့ နည်းစေပါတယ်။ အရေးကြောင်း သိသိ သာသာဖြစ်ပေါ်တတ်တဲ့ မျက်နှာ၊ မျက် လုံးတစ်ဝိုက်နဲ့ လည်ပင်းအတွက် အသုံး ဖက်နဲ့ ထုတ်လုပ်ထားတာတွေ ဖြစ်ဖို့လိုပါ တယ်။
၃) ခရမ်းချဉ်းသီးပါဝင်သော အလှပြင် ပစ္စည်း ခရမ်းချဉ်သီးမှာ အင်တီအောက် ဆီးဒင့် တစ်မျိုးဖြစ်တဲ့ လိုင်ကိုပင်း များစွာ ပါဝင်ပါတယ်။ နေရောင်ကာခရင်မ်နဲ့ မျက်နှာအစိုဓာတ်ထိန်းခရင်မ်တွေမှာ ခရမ်းချဉ်သီးပါဝင်တဲ့ သဘာဝအလှပြင် ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူသုံးစွဲပါ။
၎) မှိုပါဝင်သော အလှပြင်ပစ္စည်း မှိုမှာ အင်တီအောက်ဆီးဒင့်တွေနဲ့ အရေပြားမှာ အနာကျက်မြန်ဆန်စေတဲ့ ဘီတာဂလူတန်တွေပါဝင်ပါတယ်။ တိုနာ ဝယ်ယူတဲ့အခါ သဘာဝမှိုပါဝင်တာမျိုး က သင့်အသားအရေအတွက် ပိုမိုသင့် တော်ပါတယ်။
၅) အနီရောင်ဘယ်ရီသီးပါဝင်သော အလှပြင်ပစ္စည်း အနီရောင်ဘယ်ရီသီးမှာ ဗီတာမင်စီ နဲ့ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဇီဇမ် သင်၊ ဘီတာကယ်ရိုတင်းနဲ့ မရှိမဖြစ်အဆီ တွေ များစွာပါဝင်ပါတယ်။ မျက်နှာပေါင်း တင်တဲ့ မျက်နှာဖုံးစွပ် ဝယ်ယူရာမှာ သင့် မျက်နှာကို အာဟာရဓာတ်တွေဖြည့်တင်း ပေးနိုင်တဲ့ အနီရောင်ဘယ်ရီသီးပါဝင်တာ ကို ရွေးချယ်ဝယ်ယူပါ။
၆) နို့ပါဝင်သော အလှပြင်ပစ္စည်း နွားနို့မှာ အယ်လ်ဖာဟိုက်ဒရောက် ဆီအက်စစ် (AHA)ပါဝင်တာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ် အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ နို့ ပါဝင်တဲ့အလှပြင်ပစ္စည်းတွေက သက် ကြီး အစက်အပြောက်ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။
၇) နွယ်ချိုပါဝင်သော အလှပြင်ပစ္စည်း နွယ်ချိုမှာပါဝင်တဲ့ ဂလစ်ဘရစ်ဒင် က ရောင်ရမ်းမှုနဲ့ နီမြန်းမှုတွေကို လျော့ နည်းစေပြီး မက်လနင်ထုတ်လုပ်မှုကို ဟန့် တားပေးပါတယ်။ အသားအရေဖြူစင် ဝင်းပစေတဲ့ အလှပြင်ပစ္စည်းတွေမှာ သဘာဝပါဝင်ပစ္စည်းအဖြစ် အသုံးပြု တတ်ကြပါတယ်။
ပန်းနွယ်လေး( ဆေးဝါးတက္ကသိုလ်)
By Good Health










0 comments:
Post a Comment