www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နှလုံးဝေဒနာရှင်များ အတွက် ကောင်းသတင်း


နှလုံးဝေဒနာရှင်များ အတွက် ကောင်းသတင်းသင် ယနေ့ နှလုံး တိုက်ခိုက် ခံရရင် (Heart Attack) လွန်ခဲ့တဲ့ ဆယ်စု တစ်ခု ဒါမှမဟုတ် နှစ်ခုမှာ ထက် သင်အသက်ရှင်ဖို့ အလားအလာ ပိုများပြီး မစွမ်းမသန် အထိ ထိခိုက်ခြင်းမျိုး ပိုနည်းပါး ပါလိမ့်မယ်။ ဒါက အမေရိကန်မှ နှလုံးတိုက်ခိုက်ခံ ရခြင်း အချက်အလက်များ အပေါ် ကြည့်ပြီး အထင်ကရ လေ့လာမှုကြီး ၂ခုက ကောက်ချက် ချခဲ့တာပဲဖြစ် တယ်။
သေဆုံးမှုနှုန်း ကျဆင်းခြင်း အတွက် သင်က နည်းပညာဆေးဝါး ကုသမှု၊ ဆေးရုံတွင်းပြုစု စောင့်ရှောက် မှုနှင့် ကြိုတင်ကာကွယ်ရေးနည်း လမ်းများ ဘက်မှ တိုးတက်မှုများကို ကျေးဇူးတင်ရလိမ့်မယ်။ သင်က သွေးတိုးနှင့် ကိုလက် စထရောလ်ပမာဏမြင့်မားမှုအတွက် ကုသမှုခံယူနေသူဆိုရင် နှလုံးတိုက် ခိုက်ခံရမှုကြောင့် သေဆုံးဖို့ရာအလား အလာ နည်းပါးသွား ပါတယ်လို့ နယူးယောက်မြို့ရှိ St. Luke's Roosevelt ဆေးရုံ နှလုံး သွေးကြော ရောဂါကာကွယ်ရေး အစီအစဉ်ရဲ့ ညွှန် ကြားရေးမှူး Dr. Merle Myerson က ပြောပါတယ်။
“သို့တိုင် တိုးတက်မှုအတွက် နောက်ထပ်လုပ်ဆောင်နိုင်တဲ့အရာ များ ကျန်ရှိနေပါသေးတယ်။ လူ အများက ရင်ဘတ် အောင့်ခြင်းက နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ တစ်ခု တည်းသော ရောဂါလက္ခဏာလို့ ထင်မြင်နေဆဲပဲ ရှိနေသေးတယ်”လို့ Dr Myeson က ပြောပါတယ်။
အောက်ပါ လူသိပိုနည်းသေးတဲ့ သတိပေးချက်များကလည်း အကူ အညီ ချက်ချင်းလိုအပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ (၁) အနည်းငယ်အားစိုက်ထုတ် လိုက်တာနှင့် ခေါင်း ထဲရီတီတီ ဖြစ်လာ ခြင်းနှင့် အသက်ရှူကျပ်ခြင်း (၂) သင့်လက်မောင်း (အထူး သဖြင့် ဘယ်လက်မောင်း)၊ မေးရိုး၊ လည်ပင်းဒါမှမဟုတ် ကျောတွင် ထုံကျဉ်ခြင်း ဒါမှမဟုတ် နာကျင်ခြင်း (၃) ရင်ဘတ်အလယ်တွင် ဖိအားတစ်ခုသက်ရောက်သည်ဟု ခံ စားရခြင်း ဒါမှမဟုတ် စုညှစ်ထား သလို ခံစားရခြင်း


ဦးလှမြင့်(ဂန္ဓမာ)

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်