www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဦးခေါင်းနဲ့ မျက်နှာပိုင်း သွေးလည်ပတ်မှုကို ကောင်းစေတဲ့ ယောဂကျင့်စဉ်


ဦးခေါင်းနဲ့ မျက်နှာပိုင်း သွေးလည်ပတ်မှုကို ကောင်းစေတဲ့ ယောဂကျင့်စဉ်ယခုတစ်ပတ် ဖော်ပြ မှာကတော့ ဦးခေါင်းနဲ့ မျက်နှာပိုင်း သွေးလည်ပတ် မှုကို ကောင်းစေတဲ့ ယောဂ ကျင့်စဉ် ပါ။ ပြုလုပ် ရတာလည်း လွယ်ကူပါ တယ်။ ဘယ်သူမဆို လည်း လိုက်လံ ပြုလုပ်နိုင်ပါတယ်။ ဝါသနာပါရင်တော့ လေ့ကျင့်ကြည့်လိုက်ပေါ့နော်။
လေ့ကျင့်နည်း
ကျင့်စဉ် (၁) - ကြမ်းပြင်ပေါ်မှာ ပုဆစ်တုပ်ထိုင်ပြီး လက်နှစ်ဖက်က ဦးခေါင်းရှေ့ပိုင်းမှ ဆံပင်များကို စုကိုင် ပြီး ဆွဲဆုပ်လိုက်ပါ။ ဤပုံစံအတိုင်း ခဏလောက် နေလိုက်ပါ။
ကျင့်စဉ်(၂) - လက်နှစ်ဖက်ကို နေရာရွှေ့၍ ဦးခေါင်းထိပ်ပိုင်းမှ ဆံပင်များကို စုကိုင်ပြီး ဆွဲဆုပ်လိုက် ပါ။ ဤပုံစံအတိုင်း ခဏလောက် နေလိုက်ပါ။
ကျင့်စဉ် (၃) - တစ်ဖန် နေရာရွှေ့ ၍ ဦးခေါင်းနောက်ဘက်မှ ဆံပင်များ ကို စုကိုင်ပြီး ဆွဲဆုပ်လိုက်ပါ။ ဤပုံစံ အတိုင်း ခဏလောက်နေလိုက်ပါ။ဤကဲ့သို့ ဦးခေါင်းနေရာအနှံ့ကို နေရာရွှေ့၍ ပြုလုပ်ပေးပါ။
အကျိုးကျေးဇူးများ
- ဦးခေါင်းနှင့် မျက်နှာပိုင်း သွေးလည်ပတ်မှုကို ကောင်းစေပါသည်။
- ဆံပင်မကျွတ်စေပါ။
-ဆံပင်အမြစ်များကို သန်မာစေ ပါတယ်။ဤကျင့်စဉ်ကို တစ်ပတ်တစ်ခါ ပြုလုပ်ပေးပါ။
ဤကျင့်စဉ်ကို ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ ချမ်းသာပလာဇာ - ၁၀ လွှာ၊ အခန်း ၁၀ဝ၁၊ ဖုန်း - ၃၉၉၉၁၉၊ ၂၀ဝ၀၈၆၊ လိုင်းခွဲ - ၁၀ဝ၁ မှ နန်းဆုကေဆွမ်၏ ယောဂသင်တန်းမှ သရုပ်ပြသွားခဲ့ခြင်း ဖြစ်ပါသည်။
သရုပ်ပြ-နန်းဆုကေသွမ်
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်