www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အလားအလာကောင်းတဲ့ ဆီးကျိတ်ကင်ဆာ စစ်ဆေးနည်းသစ်များ


အလားအလာကောင်းတဲ့ ဆီးကျိတ်ကင်ဆာ စစ်ဆေးနည်းသစ်များမှန်ကန်မှု သိပ်မရှိလှ ဘူးလို့ နာမည်ဆိုး ထွက်နေတဲ့ ဏှဗ စစ်ဆေး ချက် (Prostate- Specific Antigen test) ထက် သာလွန် ကောင်းမွန်မယ့် ဆီးကျိတ် ကင်ဆာ((Prostate- Specific Antigen test) ရှိ၊ မရှိ စစ်ဆေးစမ်းသပ် နည်းသစ် များကို သိပ္ပံပညာရှင်များက အလု အယက်ရှာဖွေ နေကြတယ်။
အလား အလာရှိကြောင်း ပြသနေတဲ့ ဗီဇဂျင်း ပေါ် အခြေခံတဲ့ ရောဂါရှာ ဖွေစမ်း သပ်နည်း(၂) နည်းကတော့တိတိတ်ြ်ပြား နှငှင့် စစ်ေ်ဆေးချက် (The Tape Test) - ဆီးကျိတ် ကင်ဆာဆဲလ်များက ခန္ဓာကိုယ်အနှံ့ သွားတဲ့အခါ အရေပြားဆဲလ် များနှင့် ဗီဇဂျင်းများ (Genes) မှာ အပြောင်း အလဲဖြစ်စေနိုင်ပါတယ်။ ဆန်ဒီယာဂို ဒေသရှိ ကယ်လီဖိုးနီးယား တက္က သိုလ်မှ ကင်ဆာပညာရှင်William Wachsman က လူနာလက်မောင်း မှ အရေပြားဆဲလ်များကို ရယူ နိုင်မယ့် “ကပ်တိတ်ပြား” တစ်မျိုးကို စမ်းသပ်နေပါတယ်။
ရည်မှန်းချက်ကတော့ ယင်းဆဲလ်များမှ တွေ့ရှိမယ့် ထူးခြားချက်များဟာ ကင်ဆာကို ကြိုတင်ဟောကိန်းထုတ် နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခြင်းဖြစ်တယ်။ ယင်းစစ်ဆေးချက်ကို ၅ နှစ် အတွင်း အသုံးပြုနိုင်မှာဖြစ်တယ်။ွှ့The 22 Test - မစ်ချီဂန် တက္ကသိုလ်မှ သုတေသီတို့က ဆီးကျိတ် ကင်ဆာဖြစ်ကြောင်းအချက်ပြပုံ ရတဲ့ ပရိုတင်း ၂၂ မျိုးကို တွေ့ရှိခဲ့တယ်။
ယင်းပရိုတင်းတွေက သွေးထဲရှိ ပဋိပစ္စည်းများ (Antibodies) နှင့် ဓာတ်ပြုကြတယ်။ သုတေသီတွေကယင်းပရိုတင်းများကို အသုံးပြုပြီး သွေးစစ်ဆေးချက်တစ်ခုကို တီထွင် ဖော်ထုတ်ခဲ့ကြတယ်။ လူ ၂၅၇ ဦး (ယင်းတို့ထဲမှ ထက်ဝက်က ကင်ဆာ ရှိသူများ)အပေါ်စမ်းသပ်ရာမှာကင်ဆာ ဖော်ထုတ်မှု ၈၀ ရာခိုင်နှုန်းကျော် မှန်ကန်ကြောင်း တွေ့ရတယ်။ ယင်း စစ်ဆေးချက်ကို PSA ရဲ့ ဖြည့်စွက် တစ်ခုအနေဖြင့် အသုံးပြုနိုင် လိမ့်မယ်။ ဒါမှမဟုတ် တစ်နေ့မှာPSA အစား နေရာယူနိုင်ပါလိမ့်မယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်