www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အိပ်စက်ခြင်းနှင့်ရင်သားအကျိတ်

နောက်ဆုံးပေါ်လေ့လာစမ်းသပ်ချက် များအရ အိပ်စက်ချိန်မမှန်သော၊ အိပ်ရေး မဝသော အမျိုးသမီးများတွင် ရင်သားအ ကျိတ်ဖြစ်နိုင်ချေ မြင့်မားနေကြောင်း တွေ့ရှိရသည်။ ရင်သားအကျိတ်အပြင် ကိုယ်လက်ကိုက်ခဲခြင်းနှင့်ြွကက်သား၊ အဆစ် အမြစ် နာကျင်ခြင်းတို့နှင့်ပါ ဆက် စပ်နေကြောင်း ဖော်ပြထားသည်။ အိပ်ချိန်မမှန်ခြင်းသည် ရက်သတ္တ ပတ်အနည်းငယ်မျှဆိုလျှင် မသိသာသော် လည်း နှစ်နှင့်ချီလာလျှင် ရင်သား အကျိတ် ဖြစ်ပေါ်မှုကိုမြင့်မားစေသည်။ အကျိတ်ဖြစ် ပေါ်နှုန်းသည် အိပ်ချိန်မမှန်သူများ၌ သာ မန်အမျိုးသမီးများထက် (၅)ဆမျှမြင့် တက်နေကြောင်း တွေ့ရှိရသည်။ အထူးသ ဖြင့်အသက်(၄၅)နှစ်ကျော် အမျိုးသမီး များပိုမိုသတိပြုအပ်သည်။ ဤသို့ ဆိုလျှင် အိပ်စက် ချိန်မှန်အောင် ပြုလုပ်ပေးပါက ရင်သားအကျိတ်နှင့် ကိုယ်လက်နာကျင်ကိုက်ခဲမှုကို ကာကွယ် နိုင်မည်လော။ မသေချာသေးပေ။ သို့သော် အိပ်စက်ချိန်မမှန်လျှင်မူ အထူး သိပြု ကုသ အပ်သည်။ အကြောင်းမှာအိပ်စက်ချိန်မမှန် ခြင်းသည် ゞင်းတို့အပြင်နှလုံးရောဂါ၊ သွေး တိုးရောဂါတို့နှင့်ပါ ဆက်စပ်နေသော ကြောင့်ဖြစ်သည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်