www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နှလုံးသွေးလွှတ်ကြောရောဂါ (Coronary Artery Disease)


နှလုံး ကြွက်သားများသို့ သွေး ထောက်ပံ့ ပေးနေသော နှလုံး သွေးလွှတ်ကြော များထဲတွင် အဆီခဲများ စုပြုံလာ ခြင်းကြောင့် သွေးကြောနံရံ စုတ်ဖွာ လာကာ သွေးထောက်ပံ့မှု နည်းပါး သွားပြီး နှလုံးကြွက်သားများ ထိခိုက် ပျက်စီးလာခြင်းကို နှလုံးသွေးလွှတ် ကြောရောဂါဟု ခေါ်သည်။ အရင်းခံအကြောင်းမှာ သွေး ကြောမာခဲကျဉ်းမြောင်းခြင်း (Atherosclerosis) ဖြစ်ပြီး အသိသာဆုံး ဝေဒနာလက္ခဏာမှာ ရင်ဘတ်အောင့် ခြင်း (Angina) ဖြစ်သည်။
ချောင်း သို့မဟုတ် ထို့ထက်ပို၍ ကျဉ်း မြောင်းသွားသည်။ ထိုသွေးကြောများ အတွင်း သွေးစီးဆင်းမှု နည်းပါးသွား ပြီး နှလုံးကြွက်သားများ ထိခိုက်နိုင် သည်။ ထိုသို့ ထိခိုက်တော့မည်ဟု အချက်ပြသောဝေဒနာမှာ ရင်ဘတ် အောင့်ခြင်းဖြစ်သည်။ အနောက်နိုင်ငံ များတွင် လူများ သေဆုံးရခြင်း၏ ဦးဆောင်အကြောင်းရင်းတစ်ခုမှာနှလုံး သွေးကြောကျဉ်းရောဂါဖြစ်သည်။
အကြောင်းရင်းများက ဘာလ၊ဲ
နှလုံးသွေးကြော နံရံများအတွင်း အဆီခဲများ စုပုံလာခြင်းဖြစ်စဉ်ကြောင့် သွေးကြောများ ကျဉ်းမြောင်းလာပြီး သွေးစီးဆင်းမှု နည်းလာသည်။အကယ်၍ သွေးခဲတစ်ခု ဖြစ်ပေါ်လာ လျှင် သို့မဟုတ် ကျဉ်းမြောင်းနေ သည့်သွေးကြောအတွင်း ထိုသွေးခဲက ရောက်ရှိသွားလျှင် သွေးကြောကျဉ်း မြောင်းခြင်း သို့မဟုတ် လုံးဝပိတ်ဆို့ ခြင်းဖြစ်သွားနိုင်သည်။
သွေးတွင်း ကိုလက်စထရောလ် ပမာဏများနေသူများနှင့် တိရစ္ဆာန် အဆီစားသုံးသူများတွင် သွေးကြောမာခဲ ကျဉ်းမြောင်းခြင်း ဖြစ်လေ့ရှိသည်။ နှလုံးသွေးကြောကျဉ်း ရောဂါသည် ဆေးလိပ်သောက်သူ၊ ကိုယ် လက်လှုပ်ရှားမှု နည်းပါးသူ၊ ဆီးချို သွေးချို ရောဂါနှင့် သွေးတိုးရောဂါရှိသူ တို့တွင် ဖြစ်လေ့ရှိသည်။ အမျိုးသမီးများတွင် အီစထရိုဂျင် ဟော်မုန်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်းကို လျှော့ချပေးသည်။
ခံစားရမည့် ဝေဒနာများ
(၁) ရင်ဘတ်အောင့်ခြင်း၊
(၂) ရင်တုန်ခြင်း (မိမိနှလုံးခုန်သံကို သတိပြုမိခြင်း)၊
(၃) သတိလစ်ခြင်း၊
(၄) နှလုံးခုန်နှုန်း မမှန်ခြင်း (နှလုံး စည်းချက် မမှန်ခြင်းဟုလည်း ခေါ်သည်။ အခြေအနေဆိုးလွန်း ပါက နှလုံးခုန် လုံးဝရပ်သွားလေ့ ရှိသည်။ ဤသို့ရပ်သွားလျှင် ရုတ်တရက် သေဆုံးလေ့ရှိသည်)
(၅) နှလုံးသွေးကြောကျဉ်းရောဂါ ကြောင့် သက်ကြီးရွယ်အိုများ နာတာရှည် နှလုံးစွမ်းဆောင် ရည်ကျဆင်းခြင်း (Chronic Heart Failure) ဖြစ်စေနိုင် သည်။ထိုအခြေအနေသို့ရောက် သွားလျှင် နှလုံးခုန်ခြင်း တဖြည်း ဖြည်း အားနည်းလာပြီး သွေး လုံလောက်အောင် ညှစ်ထုတ် မပေးနိုင်တော့ဘဲ ဖြစ်လာသည်။ ထိုမှဆက်၍ အဆုတ်များနှင့် တစ်သျှူးများအတွင်း အရည် များ ပိုလျှံစုပုံလာခြင်းဖြစ်စေ ကာ အသက်ရှူမဝခြင်း၊ ခြေချင်း ဝတ်များရောင်ခြင်း ဖြစ်စေနိုင် သည်။
ကုထုံုံးက ဘာလ၊ဲ
နှလုံး သွေးကြောကျဉ်း ရောဂါကို၃ ပိုင်းခွဲထားသည်။ ၄င်းတို့မှာ-
(၁) လူနေမှုစရိုက် ပြောင်းလဲကျင့်သုံး ခြင်း၊
(၂) ဆေးဝါးများဖြင့် ကုသခြင်းနှင့်
(၃) ခွဲစိတ်ကုသခြင်းတို့ဖြစ်သည်။
ဓာတ်ခွဲစမ်းသပ်စစ်ဆေးကြည့် သောအခါ သွေးတွင်းကိုလက်စထ ရောလ် ပမာဏ များနေပါက အဆီ ကျဆေးများ သောက်ခြင်းဖြင့် နှလုံး သွေးကြောရောဂါဖြစ်စဉ် ပိုနှေးသွား စေနိုင်သည်။ နှလုံးတိုက်ခိုက်ခံရမှု အခွင့်အလမ်းလည်း နည်းသွားစေနိုင် သည်။ ရင်ဘတ်အောင့်ဝေဒနာကို နိုက်ထရိတ်ဆေးဝါးများ၊ ဘီတာ ဘလော့ခ်ကာ ဆေးဝါးများ သောက် စေခြင်းဖြင့် သွေးကြောများအတွင်း သွေးစီးဆင်းမှု တိုးတက်ကောင်းမွန် စေပြီး နှလုံးညှစ်ထုတ်အားကို ပိုမို ထိရောက်စေသည်။
နှလုံးစည်းချက် မမှန်ခြင်းကို စည်းချက်မှန်စေသော ဆေးဝါးများဖြင့် ကုသပေးသည်။ ခွဲစိတ်ကုသမှုတွင် နှလုံးသွေး ကြောချဲ့ခြင်း (Angioplasty) နှင့် နှလုံးသွေးကြောလမ်းကြောင်းပြောင်း အစားထိုးခွဲစိတ်ကုသခြင်း (Coronary Bypass Surgery) တို့ ပါဝင်သည်။
လမ်းလျှောက်စက်ပေါ်တွင် ပြေး၍ နှလုံးစမ်းသပ်ခြင်း (Exercise Testing)
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်သည်ဟု သံသယရှိလျှင် ဤ စမ်းသပ်မှုကို ပြုလုပ်လေ့ရှိသည်။ ဖိစီးမှုဖြစ်နေသော နှလုံး၏ စွမ်းဆောင် ရည်ကို အကဲဖြတ်သုံးသပ်ခြင်း ဖြစ် သည်။ ဤစမ်းသပ်မှု ပြုလုပ်သောအခါ လေ့ကျင့်ခန်းလုပ်စေခြင်းဖြင့် နှလုံး ခုန်နှုန်း မြန်လာအောင် ပြုလုပ်ပေး သည်။
များသောအားဖြင့်Treadmill ခေါ် လမ်းလျှောက်ပြေးစက်ပေါ်တွင် ပြေးခိုင်းပြီး စမ်းသပ်လေ့ရှိသည်။ သို့မဟုတ် လေ့ကျင့်ခန်း စက်ဘီးပေါ်တွင် စက်ဘီးစီးခိုင်းပြီး စမ်းသပ်လေ့ရှိ သည်။ လေ့ကျင့်ခန်းလုပ်နေစဉ် နှလုံး ၏ စွမ်းဆောင်ရည်များကို စောင့်ကြပ် စစ်ဆေးသည်။ စမ်းသပ်ခံမည့်လူ၏ နှလုံးကို အ္တရာယ်မဖြစ်စေဘဲ လေ့ ကျင့်ခန်းကို လုပ်ခိုင်းပြီး တဖြည်းဖြည်း ပြန်လျှော့ပေးသည့် စောင့်ကြပ်စစ် ဆေးသည့် နည်းလမ်းမျိုးစုံရှိသည်။
ဥပမာ- Radionuclide (Thallium) Scanning လုပ်ခြင်းဖြင့် လည်း စမ်းသပ်နိုင်သည်။ ဤစမ်းသပ် နည်းက နှလုံး၏ လုပ်ငန်းစွမ်းဆောင် ရည်ကို ပုံရိပ်များဖော်၍ စစ်ဆေးခြင်း ဖြစ်သည်။ ရိုးရိုး ECG ပြုလုပ်၍လည်း စမ်းသပ်နိုင်သည်။

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်