Fertility and sterility ဆေးပညာ ဂျာနယ်တစ်ခုတွင် အာဂျင် တီးနားသိပ္ပံပညာရှင်များက ၄င်းတို့သည် ကျန်းမာသည့် အမျိုးသား ၂၉ ဦးထံမှ သုက်သွေး နမူနာများ ရယူပြီး သုက်သွေး အချို့ကို Wi Fi မှတစ်ဆင့် အင်တာနက်နှင့် ဆက်သွယ်ထားသည့် Laptopတစ်ခု ပေါ်ထားလိုက်ပြီး ဒေါင်းလုပ်လုပ်ခဲ့ သည်။
နောက်လေးနာရီ အကြာတွင် သုက်သွေး လေးပုံတစ်ပုံသည် ကွန်ပျူတာနှင့် ခပ်ဝေးဝေး အလားတူ အပူချိန်၌ သုက်သွေးနမူနာများ နှင့် နှိုင်းယှဉ်သည့်အခါ လှုပ်ရှားကူး ခတ်မှု မရှိတော့ကြောင်း တွေ့ရ သည်။ သုက်သွေး ၉ ရာခိုင်နှုန်း သည်DNA ပျက်စီးသွားသည်။ အာဂျင်တီးနား သိပ္ပံပညာရှင် ကိုနာဒိုအေဗန်ဒါနိုက တွေ့ရှိချက် အရ အင်တာနက်နှင့် ကြိုးမဲ့ချိတ် ဆက်ထားတဲ့ Laptop ကွန်ပျူ တာအသုံးပြုပြီး အမျိုးသားမျိုးပွား အင်္ဂါများကို အနီးအနားတွင် ထား ရှိခြင်းဟာ လူသား၏ သုက်သွေး အရည်အသွေးကို လျော့ကျစေဖွယ် ရှိကြောင်း ပြောကြားသည်။
ဆက် လက်ပြီး အေဗန်ဒါနိုက အင်တာ နက်ကိုWi Fi နှင့် ဆက်စပ်ထား တဲ့ Laptop ကွန်ပျူတာ အားလုံး အထက်ပါ ဆိုးကျိုးကို ဖြစ်မဖြစ် သို့မဟုတ် မည်သည့်အသုံးပြုမှု အခြေအနေများက ဤဆိုးကျိုး ကိုပိုမိုဖြစ်စေသည်ကို လောလော ဆယ်မသိရသေးကြောင်းပြောကြား ခဲ့သည်။










0 comments:
Post a Comment