တကယ် ချစ်တာလား ...
ဟန်ဆောင် ချစ်ခဲ့တာလား ...
ကိုယ်က မေးတော့
မင်းက ဖြေတယ် ...
တကယ် ချစ်ရသူပါကွယ်တဲ့ ...။
စကားကျတော့ ချော
လုပ်ရပ်က ရင်မော
ကတိမတည်တဲ့ သူများ
ဖောက်ပြားတတ်တာ
သဘာဝလား ...။
ပိုင်းလုံးသာသာ မင်းဘဝမှာ
သစ္စာကတိ ဘယ်သိမှာလဲ။
သစ္စာမရှိ
ကတိမသိတဲ့ မင်းလို ယောက်ျား
မလေးစားဘူး။
ငါ့ဘဝထဲက (နှလုံးသားထဲက)
အပြီးအပိုင်
ထွက်သွားပါ။










0 comments:
Post a Comment