အိပ်မက်ကို အတောင်တပ်ပြီး ပျံသန်းချင်ပေမယ့်
နားခိုရာ ရင်ခွင်ရယ်က မရှိ
ဟောဒီ မုတ်သုန်တွေ မဆုံးသရွေ့တော့ လွင့်လိုက်ဦးပေါ့
ငါ့မှာ
မူးမယ်ထင်လို့ အတိတ်ခါးခါးတွေ မော့သောက်မိတာပါ
မထင်မှတ်ဘဲ ဒဏ်ရာတွေအန်ချမိတာခက်တယ်
ဘယ်သူ့ကိုမှ မပြောကြပါနဲ့
နောင်တဆိုတာ စာအုပ်ထဲမှာပဲထားခဲ့ရင်
ဆုံးရှုံးမှုကို သက်သေပြဖို့
ဒီလောက်မျက်ရည်ကျစရာ မလိုတော့ဘူး။










0 comments:
Post a Comment