www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ကြွက်တက်ခြင်း (Muscle Cramps) ကာကွယ်နည်း


ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းလုပ်နေစဉ် ဒါမှမဟုတ် ချွေးထွက် များတဲ့
အလုပ် လုပ်နေစဉ်မှာ ကြွက်တက်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ဒါက ရေဓာတ်ခန်း ခြောက်ခြင်း(Dehydration) ကြောင့် ဖြစ်နိုင်ပါတယ်။ ပြင်းထန်စွာ အားကစား ပြုလုပ်ခြင်း၊ အား သွန်ခွန်စိုက် အလုပ်လုပ်ခြင်းတို့ သတ္တုဓာတ်များ ဆုံးရှုံးမှုဖြစ်စေပါ တယ်။
အထူးသဖြင့် ပိုတက်ဆီယမ် နှင့်ဆိုဒီယမ်သတ္တုဓာတ်တွေ ဆုံးရှုံး မှုကြောင့် ကြွက်တက်ခြင်းဖြစ်နိုင် ပါတယ်။ ကြွက်တက်ခြင်းကို ကာ ကွယ်ဖို့ နေ့စဉ် ရေ ၆ ခွက်မှ ၈ ခွက်အထိ သောက်ပါ။ အချိန်ကြာ တဲ့ အားကစားလေ့ကျင့်မှုများ ဒါမှမဟုတ် ပြိုင်ပွဲများမှာ မကြာခဏ နားပြီး ရေသောက်ပါ။
သတ္တုဓာတ် များ ဟန်ချက်မညီလို့ ကြွက်တက် တယ်လို့ သံသယရှိပါရင် အား ကစားသမားတွေ သောက်တဲ့ Carbohydrate Electrolyte ဓာတ်ဆားရည်ကို သောက်ကြည့်ပါ။ သကြားပါဝင်မှု နည်းတဲ့ ဓာတ်ဆား ရည်ကို ရွေးချယ်ပါ။
အပူချိန်မြင့်မား နေတဲ့ ခန္ဓာကိုယ်ထဲမှာ သကြားက ဗိုက်အောင့်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဆားခဲများကို ဘယ်တော့မှ မစားပါ နှင့်။ ယင်းဆားတွေက သတ္တုဓာတ် ဆုံးရှုံးမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်