www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အချိန် vs နှလုံးသား


ခြေလှမ်းတွေမရပ်
ရွှေ့လျှားနေလျှက်ပင်
အချိန်ဆိုတဲ့
ခရီးသွားတစ်ယောက်
ခရီးတစ်ထောက်မနား
ထမ်းဆောင်နေလျှက်ပါ။
လောကကို ဘောက်ခတ်
သမာသမတ်ရှိတဲ့ အချိန်
အရာအားလုံးနဲ့ အလုံးစုံ
လေးစားနေလျှက်ပါ။
ငါ့အတွက်ဒီအချိန်ရယ်
ကောင်းသောအချိန်
ဆိုးသောအချိန်
ညအိပ်ချိန်
အလုပ်လုပ်ချိန်
ပိတ်ရက်ချိန်
ဝမ်းနည်းချိန်
ပျော်ရွှင်ချိန်များနဲ့
အခုပြောနေချိန်တွေမှာတောင်
မင်းကိုသတိရတယ်
ငါ့နှလုံးသားက
အချိန်နဲ့ အပြိုင်
အလုပ်လုပ်နေတယ်
ချစ်ခဲ့ရသူရယ်….

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်