www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နှာခေါင်းပွင့်စေတဲ့ ဘယဆေးရွက်များ


နှာခေါင်းပွင့်စေတဲ့ ဘယဆေးရွက်များဘယဆေးရွက် တချို့ပါတဲ့ ရေနွေးငွေ့ကို ရှူရှိုက်ခြင်းဖြင့် ပိတ်နေတဲ့ နှာခေါင်းပွင့် လာစေနိုင်ပါတယ်။ တကယ်လို့ ရေနွေးငွေ့ရဲ့ အပူချိန်က ၁၁၀ ဒီဂရီဖာရင်ဟိုက် (၄၄ ဒီဂရီစင်တီ ဂရိတ်) ထက်ကျော်ရင် အအေးမိ နှာစေးဖြစ်စေတဲ့ ရောဂါပိုးများကို သေစေနိုင်တယ်။
ယူကလစ်ရွက်၊ ဝင်းတားဂရင်းခေါ် အမေရိကမြောက်ပိုင်း ဇာတိ၁၂ရာသီပင်ရွက် (Wintergeen) ဒါမှမဟုတ် ပင်စိမ်းမျိုးဝင် ပက်ပါမင့် (Peppermint) ရွက်ကို ရွေးချယ်ပါ။ လတ်ဆတ်တဲ့ အရွက်များကို ဖြစ်စေ၊ ဒါမှမဟုတ် ယင်းတို့မှ ထုတ်နုတ်ထား တဲ့ ဆီအစက် အနည်းငယ်ကို ဇလုံ တစ်ခုထဲထည့်ပြီး ဆူပွက်နေတဲ့ရေနွေး ကို လောင်းထည့်လိုက်ပါ။
မျက်နှာ သုတ်ပဝါတစ်ထည်ကို သင့်ခေါင်းပေါ် ခြုံလိုက်ပြီး ဇလုံကို ပဝါအထဲထည့်ပြီး ရေနွေးငွေ့ဖျင်တဲတစ်ခု ပုံစံဖန်တီးပြီး ရေနွေး ငွေ့ကို ရှူပါ ။


by Health Digest  

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်