ဂျပန်နိုင်ငံ
Takeda ဆေး ကုမ္ပဏီမှ သွေးတိုးရောဂါ ကုသရေး အတွက် Azilva အမည်ရှိ
ဆေးတစ်မျိုးကို စတင်မိတ်ဆက် ပေးလိုက်ပါတယ်။ ၄င်းဆေးဟာ တစ်နေ့ တစ်ကြိမ်
သောက်ရသော ဆေးဖြစ်ပြီး Angiotensin II Receptor Blocker (ARB) အမျိုးအစား
ဖြစ်ပါတယ်။ဒီဆေးဟာ အခြားဆေးများထက်စာရင် ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံ သွေးတိုး ရောဂါလမ်းညွှန်အရ ဂျပန်နိုင်ငံတွင် သွေးတိုးရောဂါ ခံစားနေရသူ သန်း ၄၀ ရှိပါတယ်။ ၄င်းတို့ရဲ့ တစ်ဝက်လောက်ဟာ ကျေနပ် လောက်ဖွယ်ကုသမှု မရရှိကြကြောင်း သိရပါတယ်။ Azilva ဆေးအနေနဲ့ သွေးတိုးရောဂါကုထုံးတွင် ကုထုံးသစ်အဖြစ် ရွေး ချယ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။
By Health Digest










0 comments:
Post a Comment