ခန္ဓာကိုယ်ပေါ်ရှိ
ပိုလျှံနေသော အဆီများကို စုပ်ထုတ်ပေးသော Liposuction ကုထုံးကို ခံယူကြတဲ့
အမျိုးသမီးများအနေနဲ့ သတိထားစရာ အချက် တစ်ခု ကို လေ့လာ မှု အသစ်တစ် ခုအရ
ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒါကတော့ ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာရေးနှင့်
မညီညွတ်သော အဆီ ပမာဏများ လာစေသောကြောင့် ဖြစ် ပါတယ်။ ဘရာဇီးသုတေသီများ တွေ့
ရှိခဲ့ကြတာကတော့ အမျိုးသမီးများရဲ့ ဝမ်းဗိုက်၊ ခါးပတ်လည်ရှိ အဆီများကို
ထုတ်ယူပြီး လပိုင်း အတွင်းမှာ ခန္ဓာ ကိုယ်အတွင်းပိုင်းရှိ ကလီစာများတွင်
ကပ်နေသော အဆီတွေ ပို၍များပြား လာတာကို တွေ့ရှိခဲ့ကြရပါတယ်။ ကလီစာများမှာ
ကပ်တဲ့အဆီ Visceral Fat များပြား လာခြင်းဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊
နှလုံး တိုက်ခိုက် ခံ ရခြင်း၊ လေဖြတ်ခြင်းဖြစ်နိုင် ခြေများ လာခြင်းနှင့်
ဆက်စပ်လျက်ရှိ ပါတယ်။By Health Digest










0 comments:
Post a Comment