၁) ကော်လာဂျင် အားကောင်းအောင် လိမ္မော် ရည် သောက်ပါ လိမ္မော်ရည်မှာပါဝင်တဲ့ ဗီတာမင် စီ တွေဟာ ကော်လာဂျင် ထုတ်လုပ် မှုကို ကောင်းစေပြီး ခြေထောက်သွေးပြန် ကြောနံရံကို သန်မာစေ တာကြောင့် သွေး ပြန်ေ ကြာ ထုံး ဖွဲ့ နိုင်ခြေကို လျှော့ ချနိုင် ပါတယ်။
၂) သွေးပြန်ကြောသန်မာအောင် လမ်းလျှောက်ပါ လမ်းလျှောက်တာ ဒါမှမဟုတ် ရွရွ ပြေးတာ၊ စက်ဘီးစီးတာလိုမျိုး လေ့ကျင့် ခန်းတွေကို နာရီဝက်နှုန်းနဲ့ တစ်ပတ်ကို မကြာခဏပြုလုပ်တာကြောင့် ခြေထောက် ကြွက်သားတွေ သန်မာပြီး ခြေထောက် မှ သွေးပြန်ကြောတွေကို ထောက်ပံ့အား ပိုကောင်းစေနိုင်ပါတယ်။
၃) ခြေအိတ်ဝတ်ပါ ခြေအိတ်တို ဒါမှမဟုတ် ဒူးခေါင်း ထိရှည်တဲ့ခြေအိတ်ရှည်တွေကို ဝတ်ထား တာကြောင့် ခြေထောက်မှ သွေးလှည့် ပတ်မှု ပိုမိုကောင်းမွန်လာစေနိုင်ပြီး ခြေ ထောက်မှသွေးတွေ နှလုံးသို့ ရွေ့လျားနိုင် ဖို့ အကူအညီရရှိနိုင်ပါတယ်။
၎) စပျစ်သီးအစေ့ စားပါ စပျစ်သီးအစေ့မှာ ပါဝင်တဲ့ ဒြပ် ပေါင်းတွေဟာ သွေးပြန်ကြောရောင်ရမ်း မှုနဲ့ သွေးစိမ့်ထွက်မှုကို လျှော့ချနိုင်ပါ တယ်။ လေ့လာမှုတစ်ခုအရ စပျစ်သီးအ စေ့အနှစ်ကို နေ့စဉ် ၇၂၀ မီလီဂရမ် မှီဝဲ တဲ့အမျိုးသမီးတွေဟာ ခြေထောက်မှာ ရေဓာတ်စုဆောင်းမှု၊ လေးလံမှုနဲ့ နာ ကျင်မှုတွေ လျော့ကျသွားတယ်လို့ သိရ ပါတယ်။ ၅) တင်းကျပ်တဲ့အဝတ်တွေကို မဝတ်ပါနဲ့ ခါးမှာ တင်းကျပ်စေတဲ့ ခါးပတ်ပတ် တာနဲ့ ထဘီတင်းတင်းဝတ်တာလိုမျိုးတွေ ဟာ ဝမ်းဗိုက်မှ သွေးပြန်ကြောမအပေါ် ဖိအားသက်ရောက်မှု များစေပြီး ခြေ ထောက်မှာ သွေးလှည့်ပတ်မှု နည်းစေ ပါတယ်။
၆) ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့ ခြေထောက်ချိတ်ပြီးထိုင်တာ ကြောင့် ခြေသလုံးကြွက်သားတွေအပေါ် ဖိအားသက်ရောက်ပြီး သွေးစီးဆင်းမှုက သွေးပြန်ကြော ထုံးဖွဲ့မှုဖြစ်တတ်ပါတယ်။ ယောဂကျင့်စဉ် ပြုလုပ်ပါ ပက်လက်လှန်အိပ်ပြီး သင့်ခြေ ထောက်ကို နံရံမှာကပ်ထားကာ ခန္ဓာ ကိုယ်ဟာ ဓူဓ ပုံသဏ္ဌာန်ဖြစ်အောင် ပြု လုပ်ပါ။ ဒီအနေအထားအတိုင်း သုံးမိနစ် ခန့်ထားပါ။ ခြေဖဝါး၊ ခြေထောက်နဲ့ ခြေ ကျင်းဝတ်မှ အရည်တွေ စီးဆင်းနိုင်တဲ့ အပြင် ခြေထောက်ကြွက်သားတွေ သန် မာကာ တင်းအားကောင်းစေတာကြောင့် သွေးတွေညှစ်ထုတ်နိုင်စွမ်း ပိုကောင်းစေ နိုင်ပါတယ်။ ဒေါက်တာ ခင်မိုးမိုး
By Good Health










0 comments:
Post a Comment