www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

နေ့စဉ် ကြုံတွေ့နေရသည့် ဝေဒနာများ အတွက် ကုသနည်းများ (သွားအရောင် စွန်းခြင်း)


နေ့စဉ် ကြုံတွေ့နေရသည့် ဝေဒနာများအတွက် ကုသနည်းများ (သွားအရောင်စွန်းခြင်း)ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ဆေးလိပ်ငွေ့၊ အက်စစ်ပါတဲ့ ဖျော်ရည်၊ တချို့ ဆေးဝါးနဲ့ အရောင်ရင့်တဲ့ အစား အစာတွေဟာ သင်ရဲ့ ဖြူဖွေးနေတဲ့ သွား တွေကို အရောင်စွန်း စေတတ် ပါတယ်။ သွားတိုင်းဟာ လုံးဝ ဖြူဆွတ် နေတာ မဟုတ်ပါဘူး။ သွားတွေရဲ့ သဘာဝ အရောင်ဟာ ဝါနုနုအရောင်မှ ဝါနီရောင် အဖျော့လေးပါ။ သင် အသက်ကြီးလာ တာနဲ့အမျှ သင့်သွားတွေရဲ့ အရောင် တွေဟာလည်း တဖြည်းဖြည်း အရောင် ရင့်လာတတ်ပါတယ်။
အချိန်ကြာလာ တာနဲ့အမျှ သွားတွေရဲ့ အပေါ်ယံကြွေ သားလွှာဟာ ခြစ်ရာ၊ ပွန်းရာတွေဖြစ်ပြီး သွားအတွင်းသား အလွှာပေါ်လာကာ အစာမှ အရောင် တွေကို စုပ်ယူသွား ပါတယ်။ သွားတစ်ခုနဲ့ တစ်ခုကြားမှာ ရှိတဲ့ သွားချေးဖတ် တွေ မှာလည်း အရောင် တွေ စွန်းထင်းနေတတ်ပါတယ်။ ပဋိဇီဝ ဆေးသောက် တာ အဖျားကြီးတာနဲ့ ဇီဝ ရုပ်ဖြစ်ပျက်မှုတွေ အပါအဝင် သွားအ ရောင်စွန်းစေနိုင်တဲ့အကြောင်းအရာအများကြီးရှိပါတယ်။
သင့်သွားစွန်းတာ ဟာ အဝါရောင်ဖြစ်လေလေ၊ ဖယ်ရှားရ တာ လွယ်ကူလေလေပါ။ Tetracycline လိုမျိုး ပဋိဇီဝဆေးတွေကို ရေရှည်အသုံး ပြုတာကြောင့် သွားတွေ အညိုရောင်စွန်း ထင်းနေတာကတော့ ဖယ်ရှားရခက်ခဲပါ တယ်။ ကော်ဖီနဲ့ စီးကရက်တို့ သောက် တာကြောင့် သွားအရောင်စွန်းတာကို ကျွမ်းကျင်တဲ့ သွားဆရာဝန်တွေက သန့် စင်ပေးနိုင်ပါတယ်။ သင့်သွားတွေ အရောင်စွန်းရင် အောက်ပါအတိုင်းပြု လုပ်ပေးပါ။
၁. အစာစားပြီးတိုင်း သွားတိုက်ပါ
သင်ရဲ့သွားတွေကို ပုံမှန်သန့်ရှင်း ရေးပြုလုပ်နေမယ်ဆိုရင် သင့်သွားပေါ် မှာ အရောင်စွန်းဖို့ အခွင့်အလမ်းနည်းသွားပါတယ်။
၂. မုန့်ဖုတ်ဆော်ဒါနဲ့ အရောင် တင်ပါ
မုန့်ဖုတ် ဆော်ဒါကို သွားတိုက်ဆေး လိုမျိုး အနှစ်ဖြစ်အောင် ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက် အနည်းငယ်နဲ့ ရောစပ်ပါ။ ပြီးရင် စွန်းနေတဲ့ အရောင်ပေါ်မှာ တိုက်ပေးပါ။ ပါအောက်ဆိုက်တွေ များများ အသုံးမပြုဖို့တော့ သတိထားပါ။
၃. မကြာခဏ ပလုတ်ကျင်းပါ
အစာစားပြီးတိုင်း သင့်သွားပေါ်မှာ ကပ်နေတဲ့အစာတွေကို သန့်စင်နိုင်အောင် ပလုတ်ကျင်းပါ။ အကယ်၍ ရေဘုံပိုင်ဟာ သင်ရှိတဲ့နေရာနဲ့ ဝေးနေခဲ့ရင် သောက်ရေ နဲ့ ပလုတ်ကျင်းပြီး မျိုချလိုက်ပါ။
၎. လျှပ်စစ် သွားတိုက်တံကို အသုံးပြုပါ
လျှပ်စစ် သွားတိုက်တံတွေဟာ ရိုးရိုး သွားတိုက်တံတွေထက် သွားတွေကို ပိုမို သန့်စင်စေနိုင်ပါတယ်။ ဒါပေမဲ့ သွား ချေးဖတ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် သင်သုံးနေကျ သွားပွတ်တံ အမျိုးအစား ထက် သင်အသုံးပြုတဲ့ သွားတိုက်နည် စနစ်က ပိုမိုအရေးကြီးပါတယ်။
၅. သွားဖြူဆေးပါတဲ့ သွားတိုက် ဆေး အသုံးပြုပါ
သွားဖြူဆေးပါဝင်တဲ့ သွားတိုက်ဆေးဟာ သွားရဲ့ ကြွေလွှာတွေကို စားနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် တချို့ ဆရာဝန် အသုံးမပြုခိုင်းတတ်ပါဘူး။ အခုနောက်ပိုင်း ထုတ်ကုန်တွေမှာတော့ ကြွေ သွားလွှာတွေ စားမယ့် ဓာတ် စား ပါအောက်ဆိုက်တွေထည့်ပြီး အသုံးပြု တာကြောင့် သွားတိုက်ပြီးစမှာ သွားတွေ တောက်ပြောင်နေတတ်ပါတယ်။ ဒါပေမဲ့ သွားတိုက်ဆေးမှာ ပါဝင်တဲ့ ပါအောက် ဆိုက်တွေဟာ သွားရဲ့ မျက်နှာပြင်ပေါ်မှာ အချိန်တိုလေးသာ ရှိနေတတ်တာမို့ ခဏတာ တောက်ပြောင်မှုသာ ရရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၆. ညင်ညင်သာသာ သွားတိုက်ပါ
သွားတိုက်ဆေးမှာပါဝင်တဲ့ ကြမ်း တမ်းတဲ့ထုတ်ကုန်တွေကြောင့် ကြမ်းကြမ်း တမ်းတမ်း သွားတိုက်မယ်ဆိုရင် သွားရဲ့ ကြွေသွားလွှာတွေ ပျက်စီးပြီး သွားအ တွင်းသားတွေ ပေါ်လာနိုင်တာမို့ သင့် သွားဟာ အရောင်စွန်းဖို့ ပိုလွယ်ကူသွား နိုင်ပါတယ်။


By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်