www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

စိတ်ကျရောဂါကို လျော့ပါးစေမည့် စားသောက်မှုပုံစံ


စိတ်ကျရောဂါကို လျော့ပါးစေမည့် စားသောက်မှုပုံစံလူ အများစု ဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာ တွေကို အကြောင်း အမျိုးမျိုးကြောင့် ကြုံတွေ့ နေရတတ်ပါ တယ်။ တစ်ခါတလေ နာကျင်မှုနဲ့ အတူ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေပါ ကြုံရတတ်ပါတယ်။ စိတ်ကျရောဂါတွေ ကို လျော့ပါးစေဖို့ အစားအစာ တချို့ဟာ တိုက်ရိုက် ပတ်သက်မှု ရှိတယ်လို့ လေ့လာ မှုတွေ အရ တွေ့ရှိခဲ့ကြပါတယ်။
သဘာဝ အာဟာရတွေဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်၊ ဖက်တီးအက်စစ်၊ သတ္တု ဓာတ်၊ အမိုင်နိုအက်စစ် စတာတွေက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဟော်မုန်း တွေကို ထွက်စေပြီး စိတ်ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။
တချို့အစားအစာ တွေကြောင့် စိတ်လှုပ် ရှားမှု၊ ရင်တုန်မှုနဲ့ ဖိစီးမှုကို ဖြစ်စေတတ် ပါတယ်။ အထူးသဖြင့် အရက်၊ ကဖင်းနဲ့ အချိုလွန်ကဲတဲ့အစာတွေကြောင့်ပါ။ တ ချို့ အစားအစာတွေဟာ သင့်ဦးနှောက် ဆီကနေ အာရုံကြောစနစ်ကို ကောင်းမွန် တဲ့ခံစားမှုတွေ ပေးစွမ်းနိုင်ပြီး ပျော်ရွှင်တဲ့ စိတ်ခံစားမှုတွေကို ရရှိစေနိုင်ပါတယ်။
ဗီတာမင်စီ နဲ့ အီး
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဗီတာမင် စီ နဲ့ အီးဟာ စိတ်ကျ ရောဂါအတွက် အကောင်းဆုံး အကျိုးရ လဒ်ကို ပေးနိုင်ပါတယ်။ ချယ်ရီသီးမှာဆို ရင် စိတ်ကျခြင်းကို တားဆီးနိုင်တဲ့ Anthocyanine ပါဝင်ပါတယ်။ ထော ပတ်သီးနဲ့ ငှက်ပျောသီးတို့ကလည်း စိတ် ခံစားမှုကို ကောင်းစေတဲ့ Serotonin ကို ထုတ်လွှတ် ပေးပါတယ်။ တခြားဖြည့်စွက် မှုအနေနဲ့ ပန်းဂေါ်ဖီစိမ်း၊ မှို၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ အစိမ်းရင့်ရောင် အရွက်၊ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက် စတာတွေကို စားပါ။
အသားဓာတ်
ကြက်ရင်ပုံသားနဲ့ ကြက်ဆင်သား တွေမှာ ကောင်းမွန်တဲ့ အသားဓာတ်နဲ့ ဗီတာမင် B3 တွေပါဝင်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေကာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ချေဖျက်ပေးနိုင် ပါတယ်။
အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်ဟာ ဦး နှောက်တွင်း ဆီရိုတိုနင်နဲ့ အန်ဒေါ်ဖင်း ဟော်မုန်းလို့ခေါ်တဲ့ စိတ်ခံစားမှုကို ကောင်းစေတဲ့ ဟော်မုန်းတွေကို ထွက်ရှိ စေပါတယ်။ တခြားစိတ်ဝင်စားမှုကောင်း စေတာက ချောကလက်ဟာ ချစ်ကျွမ်း ဝင်စိတ်ကို ဖြစ်ပေါ်စေတဲ့ဟော်မုန်း တစ် မျိုးဖြစ်တဲ့ Phenylethylamine ကို လည်း ထွက်ရှိစေတာကြောင့် စိတ်ကျ ဝေဒနာကို ထိန်းချုပ်ပေးနိုင်ပါတယ်။
Green Tea
လက်ဖက်စိမ်း လက်ဖက်ရည်ဟာ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပြီး သဘာဝအာဟာရတစ်မျိုးဖြစ် ကာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်မြော်မြင် နိုင်စွမ်းတွေကို ကောင်း မွန်နေစေပါတယ်။
အဆီနည်းအစားအစာ
အဆီနည်း ချိစ်၊ ဒိန်ချဉ်၊ နို့တွေမှာ ဗီတာမင် ဒီ၊ ကယ်လ်စီယမ်နဲ့ ပရိုတင်း တွေပါဝင်ပြီး စိတ်ကျဝေဒနာကို တိုက် ထုတ်ပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို အကောင်းဆုံး ဖြစ်အောင် စွမ်းဆောင်နိုင်ပြီး တွေးခေါ် မြော်မြင်မှုကို ကောင်းစေနိုင်ပါတယ်။
ပြည့်ဝဆီ
ငါးတွေကနေ ရရှိတဲ့အဆီမျိုးဟာ အာရုံကြောစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးလည် ပတ်မှုကောင်းစေတဲ့အပြင် နှလုံးရောဂါ ကိုပါ တိုက်ထုတ်နိုင်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက် ကောင်းမွန်စေတဲ့ အစွမ်းသတ္တိတွေ ရှိပါ တယ်။ ပင်လယ်ငါးကြီးတွေမှာ ပါဝင်တဲ့ အဆီမှာ အိုမီဂါ - ၃ နဲ့ ဗီတာမင် အေ တို့ ပါဝင်ပြီး နာတာရှည်စိတ်ကျဝေဒနာ ရှင်တွေကို ကုသရာမှာ အသုံးဝင်ပါတယ်။
အစေ့အဆန်
ငါးမစားတဲ့ သူတွေ စားသင့်ပြီး အိုမီ ဂါ ၃ နဲ့ ၆ ပါဝင်ပါတယ်။ အစေ့အဆန် တွေမှာ ဗီတာမင်စီ ပါဝင်ပြီး အပြု သဘောဆောင်တဲ့အတွေးအခေါ်တွေကို ရရှိစေနိုင် ပါတယ်။ နေကြာစေ့၊ မြေပဲဆန်၊ သီဟိုဠ်စေ့၊ ဗာဒံသီးစေ့၊ ဖရုံစေ့ စတာ တွေမှာ ဗီတာမင် B1 ပါဝင်ပြီး သရေစာ အဖြစ် စားပေးပါ။
ကောက်နှံ
သွေးတွင်းသကြားဓာတ်အဆင့်ကို ကျစေပြီး ဆီးချိုသွေးချိုသမားတွေ အဓိက ထားစားသင့်တဲ့ ကောက်နှံတစ်ခုလုံး ပါ ဝင်တဲ့အစားအစာဖြစ်တဲ့ ဂျုံ၊ ခရက်ကာနဲ့ ပေါင်မုန့်ညိုတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေတဲ့အပြင် စိတ်ခံစားမှုအာရုံကို ကောင်းမွန်စေတဲ့ Serotonin ကိုလည်း ထွက်စေတာကြောင့် စားသုံး ပေးသင့်ပါတယ်။ 

By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်