www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

သင်၏ လေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမည့် နည်း၁ဝနည်း


သင်၏ လေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမည့် နည်း၁ဝနည်းနောက်ဆုံး လေ့လာမှု တွေအရ အောက်ပါ နည်းလမ်း တွေကို သုံးရင် ပိုပြီး မြန်မြန်၊ စမတ်ကျကျနဲ့ သက်သောင့် သက်သာ လေ့ကျင့်ခန်း လုပ်နိုင်စွမ်း ရှိလာတာကို တွေ့ ရပါတယ်။
(၁) စိတ်ခံစားမှု ကောင်းအောင် ပေါ့ ပါးသော အလေးမပါ
သုံးပေါင်ခန့် လေးတဲ့ အလေးတုံး ကို မယတာက ကြွက်သားတွေကို သန်စွမ်း စေပါတယ်။ လေ့လာမှုအသစ်အရ ပေါ့ ပါးတဲ့ အလေးကို ကိုင်ပြီး မကြာခဏ သယ်မတာက လေးလံတဲ့အလေးကို ကိုင် ပြီး မယတာထက် ကြွက်သားတည်ဆောက် ရေးကို ပိုကောင်းစေတယ်လို့ သိရပါတယ်။
(၂) ရေအေးပုလင်း သယ်ကာ လေ့ကျင့်ခန်းလုပ်ပါ
အပြင်က ရာသီဥတုက ပူနေရင် ရေ ခဲသေတ္တာထဲက ရေတစ်ပုလင်းကိုယူပြီး သယ်မကာ လမ်းလျှောက်ပါ၊ ပြေးပါ ဒါ မှမဟုတ် လေ့ကျင့်ခန်းလုပ်ပါ။ စတန်းဖို့ တက္ကသိုလ်ရဲ့ လေ့လာမှုအသစ်အရ အေးတဲ့ ကိရိယာကို ကိုင်ပြီး လေ့ကျင့် ခန်းလုပ်တာဟာ နွေးထွေးတဲ့ အချိန်မှာ ကြာရှည်လေ့ကျင့်ခန်းလုပ်တာထက် နုံး ချည့်ညောင်းညာမှု သက်သာတယ်လို့ သိ ရပါတယ်။
(၃) ကော်ဖီတစ်ခွက် သောက်ပါ
လေ့ကျင့်ခန်းမလုပ်ခင် ကော်ဖီတစ် ခွက်သောက်တာက စိတ်ကို လန်းဆန်း စေပါတယ်။ အလေးမလေ့ကျင့်ခန်း မ လုပ်ခင် ကဖင်းပါတဲ့ အရည်သောက်ထား သူတွေဟာ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ လေ့ ကျင့်ခန်းကို ပိုမို လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
(၄) သီချင်း နားထောင်ရင်း လေ့ကျင့် ပါ
တေးဂီတဟာ ဦးနှောက်ကွန်ရက် နေရာတွေကို ဆက်သွယ်ပေးပြီးြွကက် သားအုပ်စုကို အဆင်ပြေပြေလှုပ်ရှားနိုင် အောင် ပံ့ပိုးပေးပါတယ်။ တေးဂီတဟာ လေ့ကျင့်ခန်းလုပ်ဖြစ်အောင် လှုံ့ဆော်တဲ့ အရာတစ်ခုဖြစ်တာကြောင့် သီချင်းသစ် တွေကို ပြောင်းလဲနားဆင်ပြီး လေ့ကျင့် ခန်းလုပ်ရင် ပိုမိုလုပ်နိုင်စွမ်း ရှိစေပါတယ်။
(၅) တစ်နေ့လုံး ရေဓာတ်ပြည့်ဝနေ ပါစေ
လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း ရော လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာပါ ရေ ခင်သောက်ထားတဲ့ ရေနဲ့ သက်ဆိုင်ပါ တယ်။ တစ်နာရီကြာတိုင်း တစ်ကြိမ်ရေ သောက်ပေးပါ။ ဒါဆိုရင် အားကစားခန်း မမှာ လေ့ကျင့်ချိန်အတွင်း အကောင်းဆုံး လုပ်ဆောင်နိုင်ပါလိမ့်မယ်။
(၆) လေ့ကျင့်လိုက်၊ နားလိုက် လုပ်ပါ
နှလုံးခုန်နှုန်းမြန်ဆန်စေဖို့ တစ်နေ့ ၆၀ စက္ကန့်လောက် လေ့ကျင့်ခန်းလုပ်ပြီး တိုင်း ပြန်လည်အနားယူချိန် ၆၀ စက္ကန့် ပေးပါ။ ဒီနည်းအတိုင်း ၁၀ ကြိမ်(မိနစ် ၂၀ခန့်) လုပ်ဆောင်ပေးမယ်ဆိုရင် သင် ရဲ့ ကြံ့ခိုင်မှုအဆင့်က သိသိသာသာတိုး လာပါလိမ့်မယ်။ ပုံမှန်ပြေးတာ၊ စက်ဘီး စီးတာ၊ လမ်းလျှောက်တာတွေကို လုပ် ဆောင်ကာ နှလုံးခုန်နှုန်းမြန်အောင် ကြိုး စားပါ။
(၇) နေကာ ခရင်မ်လိမ်းပါ
အပြင်ထွက်တဲ့အခါ နေကာခရင်မ် ကို လိမ်းပေးပါ။ နံနက်စောစောမှာ ဒါမှမ ဟုတ် မိုးရွာတဲ့အချိန်မှာ လေ့ကျင့်ခန်း လုပ် ရင်တောင် နေကာခရင်မ်လိမ်းဖို့ မမေ့ပါ နဲ့။ နေ့စဉ် နေကာခရင်မ်လိမ်းတာကို သွားတိုက်တာလို အလေ့အထ တစ်ရပ် အနေနဲ့ လုပ်ဆောင်သင့်ပါတယ်။
(၈) ခြေအိတ် ကောင်းကောင်း ဝတ်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် ခြေ ထောက်မှာ အရည်ကြည်ဖုပေါက်တာမ ဖြစ်အောင် အစိုဓာတ်ကို စုပ်ယူနိုင်တဲ့ ခြေအိတ်ကို ဝတ်ပါ။ ဒါမှသာ ဖန်းဂပ်စ် မှိုကူးစက်မှု လျော့နည်းသွားပါလိမ့်မယ်။
(၉) သရေစာစားပါ
ဗိုက်ဆာနေချိန်မှာ ကောင်းကောင်း လေ့ကျင့်ခန်းလုပ်နိုင်ဖို့ မလွယ်ပါဘူး။ သင် က ပုံမှန်အစာစားရင်တောင် လေ့ကျင့် ခန်းလုပ်တိုင်း ပင်ပန်းနေနိုင်ပါတယ်။ ဒါ ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် နှစ်နာရီ အတွင်း အာဟာရပြည့်တဲ့သရေစာနည်း နည်းကို စားပေးပါ။
(၁၀) အကြောလျှော့ပါ
လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခြေ ဆင်းထိုင်ရင်း ခြေဖျားထိပ်တွေကို လက်နဲ့ ထိကပ်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင် ပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီး အကြော လျှော့ပေးတာက လေ့ကျင့်ခန်းလုပ်ထား တဲ့ အစွမ်းကို ပိုတိုးစေပါတယ်။



By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်